22nd October 2020

အပျိုကြီး စာရင်းဝင်နေပြီလို့ ပြောပြလာတဲ့ သွန်းဆက်

သရုပ်ဆောင်သက်တမ်း ကြာမြင့် လာတာနဲ့ အမျှ ပရိတ်သတ်အခိုင်အမာ ရရှိထားပြီး စကားပြောရင် ပွင့်ပွင့်လင်းလင်း သွတ်သွတ်လက်လက်ရှိသော သွန်းဆက်လေးကတော့ ယခုတိုင် အနုပညာအလုပ်တွေကို တဆိုက်မတ်မတ်လုပ်ကိုင်နေသူလေးလဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးတို့ရေ သီတင်းကျွတ်လဲရောက်လာပြီဆိုတော့ အပျိုကြီး မမဖြစ်တဲ့သွန်းဆက်ကကော မင်္ဂလာသီတင်း ကြားရဖွယ် ရှိလားဆိုတော့ ” သီတင်းကျွတ်လဲတစ်ယောက် ထဲပဲ သီတင်း မကျွတ်လဲ တစ်ယောက် ထဲပာပဲ ” ဆိုပြီး ရယ်မောပျော်ရွှင်စွာဖြင့် ပြောပြထားပါတယ် ။

အနုပညာနဲ့ ပတ်သက်လာရင်တော့ ယခုလောလောလတ်လတ် သူမပါဝင်သရုတ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရုံတင်ဖို့ရှိပြီး ပွဲလမ်းသဘင် ဖိတ်ကြားခြင်း ခံရရင်လဲ နာမည်ရဲ့ နောက်မှာ ပလပ်ဝမ်း မပာသေးပါဘူး ၊ အပြင်ထွက်ရင်တော့တယောက်ထဲ တော့ မဟုတ်ဘူး မေမေပါတော့ နှစ်ယောက်ပါလို့ ပြုံပျော်ရွှင်စွာဖြင့် ပြောပြထားပါတယ်။


Source ; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *