Cele News

MRTV 4 မင်းသမီးလေး နေခြည်ရွှန်းလဲ့ အကြောင်း

MRTV 4 ဇာတ်လမ်းတွဲအားပေးတဲ့ပရိတ်သတ်တွေရဲ့အသည်းစွဲ မင်းသမီးလေး နေခြည်ရွှန်းလဲ့ဟာ ပုဂံမြို့ သူဇာတ်ကားကနေစပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာတဲ့သူဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ပရိတ်သတ်တွေ အရမ်းကိုကျေနပ်အားရခဲ့တဲ့ မျက်လုံးမှာအလွမ်း၊နှုတ်ခမ်းမှာမာန ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အခုအောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ နေခြည်ရွှန်းလဲ့ရဲ့ အကြောင်းအရာအချို့ ပဲဖြစ်ပါတယ်။

သူ့ ရဲ့နာမည်အရင်းကလည်း နေခြည်ရွှန်းလဲ့ပဲဖြစ်ပါတယ်။ အနုပညာနာမည် သပ်သပ်မရှိပါဘူး။ မောင်လေးတစ်ယောက်ရှိပြီး နေခြည်ရဲ့မိဘနှစ်ပါးနဲ့ အတူတူ မိသားစုလေးယောက် ချစ်ချစ်ခင်ခင်နေထိုင်ကြပါတယ်တဲ့။ (ယောင်းမတော်ချင်တဲ့တွေ ရှိလား)

မွေးနေ့ ကတော့ နိုဝင်ဘာလ ၁၃ ရက်ဖြစ်ပြီးမွေးသက္ကရာဇ်ကိုတော့ ကိုယ်တိုင်သာ စုံစမ်းကြပါနော်။ သူ့ ရဲ့ IDOL ကတော့ ကိုနေတိုးပါတဲ့။

အကြိုက်ဆုံးအရောင်က အစိမ်းရောင်ဖြစ်ပြီး အကြိုက်ဆုံးအစားအစာက ပင်လယ်စာတဲ့။ သူကြောက်တတ်တဲ့အကောင်လေးတွေလည်းရှိပါတယ်။ အိမ်မြှောင်၊မြွေနဲ့ တီကောင်ကို အရမ်းကြောက်ပါတယ်တဲ့။ အဲ့…ခွေးလေးတွေကိုတော့ ချစ်တတ်ပါတယ်။

ပညာအရည်အချင်းကတော့ အမျိုးသားယဉ်​ကျေးမှုအနုပညာတက္ကသိုလ်​တတိယနှစ်​(သရုပ်​ဆောင်​ပညာရပ်​အထူးပြု) ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းက အနုပညာဝါသနာပါတာဖြစ်ပြီး မတင်မိုးလွင်ဆီမှာ မော်ဒယ်သင်တန်းစတင်တက်ရာက အနုပညာလောကထဲ ခြေချမိလာတာပါ။ မော်ဒယ်ရှိုးပွဲများလျှောက်ဖူးပါတယ်။

၂၀၁၆ ခုနှစ် အကယ်ဒမီပွဲမှာ ရွှေကြိုအဖြစ်ရွေးချယ်ခံရပြီး အနုပညာသမားတွေရဲ့အာရုံစိုက်ခံရမှုကို ရရှိခဲ့ပါတယ်။

သူမရဲ့စိတ်ကူးထဲက ကောင်လေးကတော့ အရပ်ရှည်ရမယ်၊ ခန့် ညားတဲ့ရုပ်သွင်ရှိရမယ်တဲ့။ ဒါတွေကတော့နေခြည့်ရဲ့အကြောင်းတွေသိသလောက်ပါပဲ။

အခုစာဖတ်နေတဲ့သူတွေ နေခြည့်အကြောင်းလေးတွေပိုသိတာရှိရင် ment ခဲ့ပါဦးနော်။

Info source: Myanmar Series Review page

Leave a Reply

Your email address will not be published. Required fields are marked *