Cele News

အရမ်းအချစ်​ကြီးတဲ့မိန်းမတစ်​​ယောက်​ပါလို့​ပြောလာတဲ့စူးရှထက်

ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ ​မော်​ဒယ်​စူးရှထက်​​ဟာ သူမရဲ့ ရီးစား​ဟောင်းဖြစ်​သူ အဆို​တော်​ အစ္စဏီနဲ့ အမှုရင်​ဆိုင်​ရင်း ပရိတ်​သတ်​ကြားနာမည်​ကြီးလာသူဖြစ်​ရာ လက်​ရှိမှာ​တော့ sexy ​မော်​ဒယ်​အဖြစ်​နဲ့ ပရိတ်​သတ်​​တွေရု့ အား​ပေးခြင်းခံ​နေရသူဖြစ်​ပါတယ်​။

လတ်တလောမှာလည်း စူးရှထက်က သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ ပွဲလေးတစ်ပွဲစီစဉ်ထားတာပဲဖြစ်ပါတယ်။

ယင်းပွဲ​လေးနဲ့ပတ်​သတ်​ပြီးစူးရှက “စူး​ရှချစ်​တဲ့သူ​တွေနဲ့​တွေ့ချင်​တာပါ သူများ​တွေ လာ​မေးကြတယ်​ ပွဲအတွက်​က ဘယမ​လောက်​လဲတို့ ဘယ်​လိုလားရမလဲလို့ တကယ်​​နော့ စူးရှ fan meeting ကိုအလကားလုပ်​တာပါ လတ်​မှတ်​​ရောင်​မစားပါဘူး အချင်းချင်း လက်​​ဆောင်​​တွေ​ပေး မုန့်​​တွေစားရင်း​ပျော်​ချင်​ တာပါ။ဒီသီတင်းကျွတ်​က​တော့ ​ဈေးဗန်းခင်းရမှာပါ စူးရှမချစ်​ရဲ​သေးတာ စူးရှက အရမ်းချစ်​တတ်​တဲ့ မိန်းက​လေးပါ သူများ​တွေလိုစူးရှမချမ်းသာပါဘူး စူးရှချစ်​ရင်​ သူ့ဘဝအတွက်​စူးရှကိုချနင်းသွားလည်းရတယ်​ ချစ်​တာထက်​ တကယ်​ ယူမယ့်​လူရှိရင်​ ​ပြောပြပါမယ်​” တဲ့​​နော်​။ ပရိတ်​သတ်​​တွေလည်း​စူးရှနဲ့ ဓာတ်ပုံတွေ အတူတူရိုက်အင်္ကျီ​​တွေမဲဖောက်ပြီး ပျော်စရာတွေဖန်တီး ချင်​လား။

Credit; MC

Leave a Reply

Your email address will not be published. Required fields are marked *