
ပရိတ်သတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိခဲ့ပြီး ညိုညိုစိမ့်စိမ့်လေးနဲ့ ကြည့်မဝအောင် လှတဲ့ မင်းသမီးချောလေးပါ။ဗီဒီယို ဇာတ်ကားတွေ အောင်မြင်ခဲ့တဲ့ တစ်ချိန်က ပရိတ့သတ်ကြားတစ်ခဲနက်အားပေးခံခဲ့ရတဲ့ မင်းသမီးချောလေး မေကဗျာကို ပရိတ်သတ်တွေ မှတ်မိကြမှာပါ။

အနုပညာ လှုပ်ရှားမှုများစွာ ပြန်လည်ပြုလုပ်နေပြီးလက်ရှိမှာလည်း နှင်းဆီ လှေအငြိမ့်မှာ ပါဝင်တင်ဆက်မှာဖြစ်ပြီး ပရိတ်သတ်တွေ သူမရဲ့ ဟန်ပန်လေးကို တစ်ခေါက်ပြန်ကြည့်ရှု့ရဦးမှာပါ။


မေကဗျာ က လတ်တလော ပရိတ်သတ်ကြားနာမည်ကြီးနေတဲ့ ကမ္ဘာ နှစ်ထပ် ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ယင်းဇာတ်ကားလေးမှာ သားသမီးနဲ့ မိဘ ကြားက ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာဘဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း တစ်ာက်တည်း သမီးလေးကို ပြုစု စောက်ရှောက်နေရတဲ့ မေကဗျာက သူမရဲ့ သမီးလေးဂဂါင်္မေးနဲ့ အဖေဖြစ်သုတို့ကြားက ဆက်ဆံရေးကို ပြောပြလာပါတယ်” အိမ်က မိသားစုကတော့ အကုန်ရင်းရင်းနှီးနှီးဘဲ သမီးကိုလည်း သူအဖေနဲ့ ရင်းရင်းနှီးနှီး ဘဲ အတူတူ မုန့်စားကြတယ် တွေ့ကြတယ် ကဗျာတို့က အတူမနေတယဘဲ ရှိတာ ဟိုဘက်အိမ်ဒီဘက်အိမ် အဆက်အသွယ်ရှိတယ် သမီးကလည်း နားလည်ပါတယ် ကိုယ်လည်း ပြောပြထားတော့အဆင်ပြေပါတယ်” ဟုပြောထားတာပါ။မေကဗျာ ကသူမရဲ့ ပရိတ်သတ်တွေကိုလည်း ကမ္ဘာနှစ်ထပ် ဇာတ်ကားကို လာရောက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

Source Sunday Journal