
ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကို တတ်ခဲနက်ရရှိထားတဲ့ ယွန်းယွန်းလေးကတော့ လက်ရှိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး နဂိုထက်ကို အလှသွေးကြွယ်လာပါပြီ။ဆံပင်ရှည်ရှည်လေးတွေကလည်း သူမရဲ့ ထူးခြားမှု တစ်ခါအဖြစ်ပရိတ်သတ်တွေ သိကြမှာပါ။

ပညာရေးကိုလည်း အလေးထားတဲ့ ယွန်းလေးက ကျောင်းတစ်ဖက်နဲ့မို့ရုပ်ရှင်တွေ သိပ်မရိုက်ပေမာ့် ပွဲတက်နဲ့ showပွဲတွေမှာတော့ သူမကိုတွေ့ရမြဲဘဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယွန်းလေးက သူမရဲ့ တက္ကသိုလ် ကျောသ်းသူဘဝအကြောင်းလေးကိုပြောပြလာပါတယ်” သမီးအခုစာမေးပွဲတော့ပြီပြီ ၂လပိတ်ထားတော့အေးဆေးဘဲ uniမှာ အဆင်ပြေတယ် သူငယ်ချင်းတွေက ခွဲခြားဆက်ဆံတာမရှိသေးဘူး တကယ်ကို သမီးကို သူများလိုဘဲ တသားတည်း ဆက်ဆံပေးတယ် လိုအပ်ရင်တောင်သူတို့ကကာကွယ်ပေးသေးတယ် အထက်တန်းကျောင်းသူဘဝမှာတော့ ခွဲခြားဆက်ဆံခံ၇တာတွေရှိဖူးတယ် အခုတက္ကသိုလ်ကျောင်းသူဘဝကိုတော်တော့ပျော်ပါတယ်” ဟုဆိုလာပါတယ်။

ယွန်းလေးကတော့ ပညာရေးဘက်ကိုသာ ကြိုးစားပန်းစားနဲ့ သင်ယူလေ့လာနေတာဖြစ်ပြီး သူမရဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေကို ကြည့်ရဖို့မျော်လင့်နေပါတယ်။

Source Myanmar cele 7