” ပပ၀တီ စီရင်ခန်း ” ဇာတ်ကားကြီးတွင် နှစ်ဦးအားပြိုင် မှုတွေတွေ့ ရမယ့် မိုဟေကို နဲ့ ဖွေးဖွေး – Myanmar Hot News
1st June 2023

” ပပ၀တီ စီရင်ခန်း ” ဇာတ်ကားကြီးတွင် နှစ်ဦးအားပြိုင် မှုတွေတွေ့ ရမယ့် မိုဟေကို နဲ့ ဖွေးဖွေး

ပရိတ်သတ်ကိုယ်စီ အခိုင်အမာ ရရှိထားပြီး ပြည့်သူအချစ်တော် အနုပညာရှင် တွေ ဖြစ်တဲ့ မိုဟေကို နဲ့ ဖွေးဖွေးကို ” ပပ၀တီ စီရင်ခန်း ” ဇာတ်ကားကြီးတွင် အတူမြင်တွေ့ ရမှာဖြစ်ပြီ မင်းသမီး နှစ်ဦး ရဲ့သရုပ်ဆောင် အားပြိုင်မှုတွေကို တွေ့မြင်ရမှာဖြစ် ပါတယ်။

ထိုဇာတ်ကားကြီးကို အောက်တိုဘာလ ၁၀ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ရုံရှင်ရုံများတွင် ရုံတင်ပြသမှာဖြစ်ပြီး ဒာရိုက်တာ ဝိုင်းကရိုက်ကူးပုံဖော်ထားကာ အကယ်ဒမီ ထွန်းထွန်း ၊ အလင်းရောင်တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

နန်းရွှေမှုံ အဖြစ် သရုပ်ဆောင်ထားသူလေး မိုဟေကိုကတော့ “ဖွေးနဲ့က ဒီလို ရုပ်ရှင်ကာရိုက်တာမျိုးတွဲမရိုက်ဖူးဘူးလေ ပြီးတော့ ဒါရိုက်တာ ဝိုင်းနဲ့ လည်း ရိုက်ချင်တယ် အာ့နှစ်ချက်နဲ့ တင်လက်ခံဖြစ်သွားတာပါ တချို့ဝေဖန်တာတွေလဲရှိတာပေါ့လေ မရိုက်ဖို့ ” လို့ ပြောပြထားပါတယ်။

သက်ထားခင်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ ဖွေးစိန်လေးကတော့ ” အမှတ်တရတွေကတော့အများကြီးပေါ့နော် ရုပ်ဆိုးတဲ့အပိုင်းကိုမိတ်ကပ်ပြင် ရတဲ့အခါ အရမ်း ကြာတယ် စီလီကွန် နဲ့ သေချာပြင်ရလို့လေ ပြီးတော့ ရိုက်နေတဲ့ အချိန်တွင်မှာ ဆရာကနေမကောင်းဖြစ်ပြီး လေဖြတ်သွားသေးတယ် အာ့တော့အရမ်းစိုးရိမ်သွားတာပေါ့ ဒါမယ့်လဲ အကောင်းဆုံးပြီဆုံး သွားပါတယ်” လို့ ပြောကြားထားပါတယ်။

” ပပ၀တီ စီရင်ခန်း ” Press Show ကိုတက်ရောက်လာသော သူတို့ နှစ်ဦးရဲ့ ဖတ်ရှင်များကလည်း အားပြိုင်လျက်ရှိပါတယ်။

Credit; ပပ၀တီစီရင်ခန်း

Leave a Reply

Your email address will not be published. Required fields are marked *