MTV တွေ ရိုက်ကူးနေပီဖြစ်တဲ့ ဖြူဖြူထွေး – Myanmar Hot News
30th May 2023

MTV တွေ ရိုက်ကူးနေပီဖြစ်တဲ့ ဖြူဖြူထွေး

ပရိသတ်များကြားတွင် အချိန်တိုအတွင်း နာမည်ကြီးလာသော ဖြူဖြူထွေးကတော့ စကားပြောရာတွင် ပွင့်ပွင့်လင်းလင်း ရှိပြီ ဟာသအနှောက်ကလေးတွေ ထည့်သွင်းပြောတာကြောင့်ပရိသတ်တွေရဲ့ ချစ်ခင် သဘောကျမှုကို ပိုင်ဆိုင်ထားနိုင်ခြင်းဖြစ်ပါတယ်။


Tik Tok ပေါ်တွင် ရှေးဟောင်း ဓါတ်ပြား ဇာတ်လမ်းတွဲများကို နှစ်ကိုယ်ကွဲအဖြစ် သရုပ်ဆောင်မှုများဖြင့် ကျော်ကြားလာသူလေးဖြစ်ကာ မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သံတမန်အဖြစ် ခန့်အပ်ထားခြင်းခံရသူလေးလဲဖြစ်ပါတယ်။


သူမအနေနဲ့တော့ အနုပညာအလုပ်လေးတွေ လုပ်ကိုင်လျက်ရှိပြီး ၈ရက်နေ့တွင် မောင်မောင်ဖိုးပြည့်ကိုယ်တိုင် ရေးပြီး သီဆိုထားသော “ကံကောင်းပါစေ” သီချင်းရဲ့ Music Video ကို ရန်ကုန် စွယ်တော်မြတ်စေတီတော် တွင် အဆိုရှင်နှင့်အတူတူ ရိုက်ကူးခဲ့ပါတယ်။

Source ; Myanmar Celebrity

Leave a Reply

Your email address will not be published. Required fields are marked *