Cele News

အနုပညာသက်​တမ်းတစ်​​လျှောက်​က အမှတ်​တရ​တွေကို​ပြောပြလာတဲ့အုပ်​စိုးခန့်

လူငယ်​ပရိတ်​သတ်​​တွေရဲ့ အား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ကောင်​​လေး အုပ်​စိုးခန့်​ဟာ လက်​ရှိမှာ​တော့ သူဝါသနာဝါတဲ့ သီချင်း​တွေကိုသီဆိုရင်း အနုပညာ လမ်း​ကြောင်း​ပေါ်​ပျော်​​ပျော်​ကြီး​လျှောက်​လှမ်း​နေပါတယ်​။အုပ်​စိုးခန့်​ဟာ လူငယ်​ကြိုင်​သီချင်း​ကောင်း​လေး​တွေကို ကိုယ်​တိုင်​​ရေးကိုယ်​တိုင်​ဆိုခဲ့သလို လတ်​တ​လော ရုံတင်​ပြသ​တော့မယ့်​ အခမ်းနားဆုံး​မေတ္တာ ဇာတ်​ကားရု့ ဇာတ်​ဝင်​​တေးသီချင်းကိုလည်း သီဆိုထားပါ​သေးတယ်​။

ဂီတကိုငယ်​စဉ်​ကတည်းက ရူးသွပ်​ခဲ့တဲ့ အုပ်​စိုးခန့်​ဟာ သူ့ရဲ့ ငယ်​စဉ်​ ဘဝတစ်​​လျှောက်​ အနုပညာ နဲ့ ပတ်​သတ်​တဲ့ အမှတ်​တရ​တွေကို ပရိတ်​သတ်​​တွေအတွက်​တင်​ထားခဲ့ပါတယ်​။
အုပ်​စိုးခန့်​ဟာသီချင်းကို ဖေဖေနဲ့မေမေ မသိအောင် laptop လေးနဲ့ record လုပ်ပီးခိုးဆိုခဲ့ရပါတယ်​။ သူ့ရဲ့ I need your love နဲ့ ကိုယ့်​ထိုက်​နဲ့ကိုယ့်​ကံ သီးချင်း​လေးကလည်း ပရိတ်​သတ်​အကြိုက်​​တွေ့​စေခဲ့ပါတယ်​။

” The Number One ” ဆိုတဲ့ Album လေးဟာလည်း အရောင်းရဆုံး Top 10 စာရင်းဝင်ခဲ့ပါတယ်။ အုပ်​စိုးခန့်​ဟာ သူ့ရဲ့ ဘဝအမှတ်​တရ​တွေကို တစ်​ပုံချင်းစီ ပရိတ်​သတ်​​တွေအတွက်​ ​ဝေမျှထားခဲ့ပါတယ်​။ ပရိတ်​သတ်​​တွေအတွက်​ အုပ်​စိုးခန့်​ရဲ့ ပမှတ်​တရ ပုံရိပ်​​လေး​တွေကို​ဖော်​ပြလိုက်​ပါတယ်​။

Photo Source Oaksoe khant

Leave a Reply

Your email address will not be published. Required fields are marked *