
ပါးချိုင့်လေးနဲ့ အရမ်းကို ဆွဲဆောင်မှုရှိရှိလှတဲ့ မက်းသမီးလေး အေးမြတ်သူဟာ လက်ရှိမှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေ အပြင် ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိပြီး ပရိတ်သတ်အားပေးလက်ခံမှုကို အပြည့်အဝ ရရှိထားတဲ့ မင်းသမချောလေး တစ်ဦးဘဲ ဖြစ်ပါတယ်။

ခရီးတွေမကြာခနထွက်လေ့ရှိပြီး တလောကပင် ဟာသသရုပ်ဆောင်ဦးခင်လှီုင်အတွက် သူမခရီးကအပြန် ဖားဆန်ပြုတ်လေး ဝယ်လာခဲ့ပါသေးတယ်။ အေးမြတ်သူက မိန်းကလေး ပရိတ့သတ်တွေ အတွက် စံထားရလောက်အောင်ကို အနေအထိုင်နဲ့ အ ပြောအဆိုမှာ သိမ့်မွေ့သူတစ်ဦးလို့ ဆိုရင်လည်း မမှားပါဘူးနော်။

အေးမြတ်သူကတော့ ဒီနေ့မှာတော့ မကြာမီ ကျရောက်တော့ မယ့် သီတင်းကျွတ်လေးနဲ့ ပတ်သတ်ပြီး သူမရဲ့ငယ် ဘဝအမှတ်ရလေးကိုပြောလာပါတယ်” အေးမြတ်သူငယ်ငယ်က ရပ်ကွက်ထဲမှာနေတာဆိုတော့ မြေကြီးတွေတူပြီး ဗန်ဒါရွက်လေးကာပြီး မီးထွန်းရတာ ပြီးတော့ သစ်သားလှည်းကလေးတွေ ယုန်ရုပ်လေးတွေမှာမီးလေးတွေနဲ့ တွန်းဆော့ရတာ ငရဲမီးတွေ ဆော့တယ် ပျော်စရာပေါ့ အဲ့တုန်းက ရှူးဒိုင်း လွတ်နိုင်ရင် အကောင်ဘဲပေါ့ ဈေးကြီးတယ်လေ ” ဟုပြောပြထားပါတယ်။

အေးမြတ်သူကတော့ မကြာမီ ရက်အတဃင်းမှာ bella star နဲ့ မြန်မာပြည်အနှံ့ ခရီးသွားမယ်လို့လည်း သိရပါတယ်။

Source weceleb