
ရိုးသားဖြူစင်လို့ အားလုံးက ဝိုင်းချစ်ကြရတဲ့ ဖြူဖြူ ထွေးကတော့ လက်ရှိမှာတော့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး အားပေးသူပရိတ်သတ်အမြောက်အများနဲ့ အောင်မြင်နေပြီဖြစ်ပါတယ်။

ဖြူဖြူထွေးတစ်ယောက်ကတော့ ကျောင်းကပွဲကတစ်ဆင့် လူမှုကွန်ရက်ကြား နာမည်ကြီးလာကာ အစောပိုင်းမှာဝေဖန်တိုက်ခိုက်မှုများရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ဖြူဖြူထွေး ဟာ ပရိတ်သတ်တွေ ရဲ့ မေတ္တာကိုရရှိထားသူဘဲဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့Myanmar Influencer Award 2019မှာ ဆန်ကာတင် (၅) ဦးအဖြစ် Bo Paing Gyi (လွှမ်းပိုင်)၊ နေခြည်ဦး၊ နော်ဖောအယ်ထား၊ Our Travel Diaries (Ah Boy) နဲ့ ဖြူဖြူထွေးတို့ ပါဝင်ခဲ့တာဖြစ်ပြီး ၎င်းတို့အားလုံးကို ကျော်တက်ကာ နောက်ဆုံးမှာတော့ ဖြူဖြူထွေးက Celebrity Influencer Awards Winner ဖြစ်သွားခဲ့ပါသေးတယ်။

ဖြူဖြူထွေး ဟာ မကြာခဏ သူမရဲ့ ရွာဓလေ့ ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေကို ဗီဒီယို လေးတင်ကာ ပရိတ်သတ်တွေကို ပြောပြလေ့ရှိသလို အင်မတန်ပျော်တတ် မျက်နှာပြောင်တတ်တဲ့ ကောင်မလေးတသ်ယောက်လည်း ဖြစ်ပါတယ်။ ပရိတ်သတ်တွေသိကြတဲ့ အတိုင်းဖြူဖြူထွေးဟာ မိဘတွေကို လုပ်ကျွေးနေသူ ဖြစ်ုပီး အနုပညာ ကြေးလေးနဲ့ မိဘတွေကို ကန်တော့ခဲ့ပါသေးတယ်။ဖြူဖြူထွေးက သူမရဲ့ ချွေးနဲစာလေးနဲ့ မိဘကိုကန်တော့ခဲ့ရလို့ အရမ်းကိုပျော်နေပါတယ်”အရမ်ပျော်တာပေါ့ မိဘကိုလုပ်ကျွေးနေတဲ့ သားသမီးမှန်သမျှ ကိုာ့်မိဘကိုဘာလေးဖြည့်ဆည်းပေးရပေးရပျော်ရတာဘဲ အဲ့အပျေည်ပလည်း တက်ာလုပ်ကျွေးတဲ့ သားသမီးတွေဆို သိတယ် ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ ဆိုတာ မိဘတွေက ကြီးလာရင်ကလေးပြန်ဖြစ်သွားတာဘဲ ဘာမှ မလုပ်နိုင် မကိုင်နိုင်ဖြစ်သွားတဲ့ အချိန် ကိုယ်ပြုစုပေးရတာသူတို့ ကျေးဇူးဆိုတာ ဆပ်လို့မကုန်ဘူး အခုတော့ အဖေနဲ့ အမေကို ရန်ကုန်မှာဝယ်နိုင်အောင်ကြိုးစားလိုက်ဦးမယ် ” ပြောသွားပါတယ်။

ဖြူဖြူထွေး က ပရိတ်သတ် တွေကိုလည်း မိဘကျေးဇူးဆပ်ဖို့မမေ့ဖို့ကိုလည်းမှာသွားပါသေးတယ်။

Source myanmarcele7