
လတ်တလော ရုပ်ရှင်ချစ်ပရိတ်သတ်တွေ ကြားရေပန်းစားနေတဲ့ အချစ်ဇာတ်ကားကောင်းလေးဖြစ်တဲ့ အခမ်းနားဆုံးမေတ္တာ ဇာတ်ကားလေးဟာမကြာခင်မှာရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။

အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန် ၊ နေခြည်ဦး၊ စိုးမြတ်သူဇာ၊ မေဘရဏီသော်တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းက မိုးနီလွင်နဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် တို့က ရိုက်ကူးပုံဖော်ထားဖြစ်ပြီး ဘယ်လို အခမ်းနားဆုံး မေတ္တာဇာတ်လမ်းကို ကြည့်ရမလဲ ဆိုတာ ၇င်ခုန်စရာပါဘဲ..
ဇာတ်လမ်းလေးဟာ official treaserမှာတင် ဦးတက်လူနိုင်ရဲ့ ချစ်တတ်ပုံတွေကြောင့် ပရိတ်သတ်ကြား စိတ်ဝင်စားခံနေရတာဖြစ်ပါတယ်။

ဒီနေ့မှာလည်း အခမ်းနားဆုံးမေတ္တာ Red Carpet Show ပွဲကြီးကို ကန်သာယာ စင်တာမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ် ယင်းပွဲကို အနုပညာ ရှင်များစွာတက်ရောက်လာခဲ့ပြီး အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ နေခြည်ဦးတို့ဟာလည်း အတူတူ လက်ချင်းချိတ်ကာ ကြင်က်ြင်နာနာနဲ့ တက်ရောက်လာခဲ့ကြပါတယ်။


နေခြည်ကတော့ ရွှေရောင်dressအတိုလေးနဲ့ အရမ်းကို မိနိးကလေးဆန်ဆန်နဲ့ လှနေတာပါ။ ပရိတ်သတ်တွေပတွက် နေတိုးနဲ့ နေခြည်တို့ရဲ့ လိုက်ဖက်လွန်းလှတဲ့ အတွဲပုံလေးကိုဖော်ပြလိုက်ပါတယ်။

Source 7thsensecreation