
မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုန်ရွှေရည် ကတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ပရိတ်သတ်ရင်ထဲ ရောက်ရှိနိုင်သူ တစ်ဦးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုဟာ ရုံအပြည့်နဲ့ ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးရစမြဲဘဲဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ အောက်တိုဘာ(၆) ရက်နေ့က ခင်မင်ရတဲ့ သူငယ်ချင်း သီရိဆွေရဲ့သားလေး အီသန်ရဲ့ မွေးနေ့ပွဲလေးကို သွားရောက်ခဲ့ပါတယ်။ ထိုပွဲလေးမှာ ဝတ်မှုံရွှေရည်တစ်ယောက် အီသန်လေးကို လက်ကမချနိုင်အောင် ချစ်နေတာကို တွေ့ရပါတယ်။

“သားသား Ethan ‘s LEGO LAND Birthday မှာ ကလေးဗိုလ် လုပ်ခဲ့တုန်းက အမှတ်တရ”ဆိုပြီးတင်ထားခဲ့တာပါ။ ဝတ်မှုန်ရွှေရည် ကတော့ အပျိုကြီး ဘဝနဲ့ဘဲ သူငယ်ချင်းတွေ ရဲ့ကလေးတွေကို လိုက်ချစ်နေပါတယ်။

.ပရိတ်သတ်တွေအတွက် အီသန်လေးရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ တစ်ပျော်တစ်ပါးကြီး ကလေးဗိုလ်လေးလုပ်နေတဲ့ ကစ်ရဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။

Source Wutthmoneshweyi