
အဆိုတော်မလေး ပန်းရောင်ခြယ်ဟာ အဖေဖြစ်သူ ဂရေဟမ်ရဲ့ ဂီတအမွေတွေကို ဆက်ခံထားရသူပီပီ အနုပညာအလုပ်တွေကို အင်မတန်မှရူးသွပ်သူတစ်ယောက်ပါ။ဆံပင်အရှည်လေးနဲ့ မဟာဆန်ပြီး တည်ကြည်လွန်းတာ ကြောင့် ပုရိသတွေရဲ့တစ်ခဲနက်အားပေးခံရသူပါ။

အသံချိုချိုလေးတွေနဲ့ သူရဲ့ သီဆိုပုံလေးတွေကိုပရိတ်သတ်တွေကချစ်နေကြတာပါ။ သူမရဲ့ MTVတွေဟာလည်းမြင်နေကျနဲ့မတူဆန်းသစ်ပြီး တေးသီချင်းပေါ် သေချာသရုပ်ဖော်ကာ အချိန်ကုန်ခံကာရိုက်ကူးလေ့ရှိတာကြောင့် ကြည့်ရှုသူပရိတ်သတ်ကို မငြီးငွေ့သွားစေပါဘူး။
လတ်တလောမှာတော့ ပန်းရောင်လေးက “လိပ်ပြာ” Season 1 – အမှန်တရားရဲ့ ဓါးတစ်လက် မှာရဲမေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အဆဖဖြစ်သူ ဂရေဟမ်ကတော့ ပန်းရောင်လေးကို လာကမ်းလှမ်းတဲ့ ဇာတ်တိုင်း ရိုက်ဖြစ်တာမျိုးမဟုတ်ကြောင်းပြောလာပါတယ်။

“သမီးကို ရုပ်ရှင်ရိုက်ဖို့လာကမ်းလှမ်းတာမျိုးရှိတယ် တစ်ချို့နှစ်ကားသုံးကားရှိတယ်မရိုက်ဖြစ်ဘူး ဇာတ်လမ်းအဆင်ပြေတာနဲ့ မအားတာနဲ့.ရှိလို့ မရိုက်ဖြစ်လိုက်ဘူး”ဟု ပြောပြလာပါတယ်။သိုပေမယ့်လည့်း ပန်းရောင်ရဲ့ ပရိတ်သတ်တွေကတော့ အခိုင်အမာရှိနေပြီး ပန်းရောင်လေးရဲ့ အနုပညာ လှုပ်ရှားမှုတိုင်းကို အားပေးဖို့အဆင်သင့်ရှိနေကြပါတယ်။

Credit; MC