Cele News

သီတင်းကျွတ် အလှူအဖြစ် မဟာဝိဟာရကျောင်းတိုက်တွင် အလှူဒါန ပြုလုပ်ခဲ့တဲ့ ပိုပို

ပိုပိုကတော့ အလှူအတန်းပြုလုပ်ရာတွင်လက်မနှေးတမ်း စာနာတရားလေးနှင့် နှစ်စဉ်နှစ်တိုင်း အလှူအတန်းတွေပြုလုပ်နေပြီး အမြဲတမ်း စိတ်ချမ်းသာအောင်နေထိုင်သူလေးဖြစ်ပါတယ် ။

ယခုအခါမှာလဲ ရှိုးကနေရတဲ့ ငွေကြေးလေးကို အောက်တိုဘာလ ၉ရက်နေ့ မနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မဟာဝိဟာရကျောင်းတိုက်တွင် သီတင်းကျွတ်အလှူလေးအဖြစ်သွားရောက် လှူဒါန်းခဲ့ပါတယ်။

အလှူလုပ်ပြီးနောက် တိရစ္ဆာန်လေးတွေကို ကြင်နာသနားတက်တဲ့ပိုပိုလေးကတော့ အပြန်ခရီးလမ်းတွင် လှော်ကားဥယျာဉ်တွင်းသို့ဝင်ကာ တိရစ္ဆာန်လေးတွေကို အစာသွားရောက်ကျွေးမွေးခဲ့တဲ့ ပိုပိုရဲ့ စိတ်စေတနာကတော့ ချစ်ခင်လေးစားဖွယ် ကောင်းနေပါတယ်။

Source; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *