
လူုကြီးလူငယ် ပရိတ်သတ်မရွေးအားပေးရတဲ့ စိုင်းစိုင်းဟာ အနုပညာ သက်တမ်းမှာ ဆယ်စုနှစ်ကျော်နေပြီ ဖြစ်ုပြီး သူရဲ့ အနုပညာဟာလည်း မမြဲ တမ်းဆန်းသစ်ကာ ပရိတ်သတ်ကို ရသထိစေတဲ့ သီချင်းကောင်းတွေကို တင်ဆက်ပေးတတ်သူပါ။

သူ့ရဲ့ ပရိတ်သတ်တွေပေါ်မှာလည်း လေးစားမှာရှိလို့ တော်ရုံလူတောင် စိုင်းစိုင်းရဲ့ ပရိတ်သတ်ဖြစ်သွားတဲ့ လူတွေ ချည်းပါဘဲ။

အမာခံ ပရိတ်သတ်အမြောက်အများနဲ့ အောင်မြင်နေတဲ့ စိုင်းစိုင်းဟာ ဒီနေ့မှာတော့ သူ့ရဲ့ အမာခံ ပရိတ်သတ်ကောင်မလေးတစ်ယောက်အတွက် ပူးဆွေးလို့နေရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူကိုအရမ်းချစ်ပြီး အမြဲအားပေးခဲ့တဲ့ အမာခံပရိသတ်တစ်ယောက် သွေးကင်ဆာနဲ့ ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းကြောင်းကို “ကျနော့်ကိုအရမ်းချစ်တဲ့ အမာခံပရိသတ်လေးတစ်ယောက် သွေးကင်ဆာနဲ့ ဆုံးသွားလို့ စိတ်မကောင်းခြင်းများနဲ့ …” လို့ သူရဲ့ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်ကိုပါ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဖြင့် အနက်ရောင်ချိန်းထားခဲ့ပါတယ်။
ပရိတ်သတ်ပေါ်သံယောဇဉ်ရှိလွန်းတဲ့ စိုင်းစိုင်းကာ သူ့ရဲ့ ပရိတ်သတ် တစ်ယောက်အတွက် စိတ်မကောင်းကြီးစီာဖ်ြစ်လို့နေပါတယ်။ ပရိတ်သတ်တွေလည်း သွေးကင်ဆာနဲ့ ဆုံးပါးတဲ့ စိုင်းရဲ့ အမာခံ ပရိတ်သတ်လေးကို ကောင်းရာမွန်ရာ ရောက်ဖို့ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source Sai Sai Khem leng’s fb