
ပုရိသတွေ စွဲလန်းလောက်တဲ့ ဘော်ဒီအမိုက်အစားနဲ့ ဝါဆိုမိုးဦး ကတော့ လက်ရှိမှာ ချစ်သူဖြိုးလေးနဲ့သာယာတဲ့ အချစ်ခရီးလေးကို ဖြတ်သန်းနေသူပါ။ပရိတ်သတ်တွေအားကျရလောက်ကို တစ်ယောက်ကို တစ်ယောက်အရမ်းခ်ျစ်ကြတဲ့ ဝါဆိုနဲ့ ဖြိုးလေးတို့ဟာ အနုပညာ အလုပ်တွေကို လည်း အတူတွဲလုပ်ကိုင်လေ့ရှိပါတယ်။


တစ်ယောက်ကိုတစ်ယောက်နားလည်းမှုနဲ့ သစ္စာရှိရှိချစ်နေတဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဆိုလည်း မမှားပါဘူး။
လတ်တလောမှာတော့ ဖြိုးလေးက Anniversary နေ့လေးမှာ ချစ်ရသူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာဖော်ပြထားပါတယ်။

ဖြိုးလေးကတော့ “Happy Anniversary ငါ့သဲလေး ပျော်စရာ အပြည့်နဲ့ ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖန်တီးကြမယ် ” ဆိုပြီး အထိမ်းအမှတ်နေ့လေးမှာ သူတို့နှစ်ဦးရဲ့ စင်္ကာပူမှာပျော်နေတဲ့ပုံလေးတွေကို တင်ထားခဲ့ပါတယ်။ ပရိတ်သတ်တွေအတွက် ဝါဆိုနဲ့ ဖြိုးလေးတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ အတွဲပုံလေးတွေကိုဖေိာပြလိုက်ပါတယ်။

Source Phyo lay’s fb