
ပရိတ်သတ်တွေ ချစ်ကြတဲ့မင်းသမီးလေး ဝတ်မှုန်ရွှေရည် ဟာပြည်တွင်းမှာသာအောင်မြင်ရုံသာမက နိုင်ငံကျော် မင်းသမီးချောလေးလည်းဖြစ်ပါတယ်။ပရိတ်သတ်အမြောက်အမြာနဲ့ အောင်မြင် တဲ့မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုန်ရွှေရည် ကတော့ ရုပ်ရှင်ကားပေါင်းများစွာနဲ့ ပရိတ်သတ်ရင်ထဲ ရောက်ရှိနိုင်သူ တစ်ဦးပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုဟာ ရုံအပြည့်နဲ့ ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးရစမြဲဘဲဖြစ်ပါတယ်။


လတ်တလောမှာတော့ ကစ်က”တစ်ဦးတည်းသောဣတ္ထိယ “ဇာတ်ကားကို လက်ခံထားပြီး ရွှေထူး ၊ဟိန်းဝေယံတို့နဲ့အတူ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကစ်က ပရိတ်သတ်တွေ အတွက် သီတင်းကျွတ် ဆုတောင်းစကားလေး ပြောပေးထားပါသေးတယ်။ကစ်က”သီတင်းကျွတ်အခါသမယ မှာ ကစ်ကိုချစ်တဲ့ လူကြီးမိဘ ဖိုးဖွား မောင်လေး ညီမလေး မိဘ ပြည်သူအားလုံး စိတ်ချမ်းသာပျော်ရွှင် အန္တရာယ်ကင်းဘေးရှင်း လိုရာဆန္ဒတွေပြည့်ကြပါစေရှင် Happy Thadinkyut to you all” ဟု ကစ်က သူမရဲ့ ပုံလေးတွေနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ ကစ်ရဲ့ ပုံလေးတွေကိုပြန်လည်ဖော်ပြလိုက်ပါတယ်။ပရိတ်သတ်တွေလည်း ပျော်ရွှင်စရာ သီတင်းကျွတ် အချိန်အခါလေးဖြစ်ပါစေနော်။

Source : Wutt Hmone shwe yi’s fb