ဈေးသည်မလေး ကိကိ ပုံစံနဲ့ဖျော်ဖြေခဲ့တဲ့ အပေါ်ပြောပြလာတဲ့ နေတိုး – Myanmar Hot News
30th May 2023

ဈေးသည်မလေး ကိကိ ပုံစံနဲ့ဖျော်ဖြေခဲ့တဲ့ အပေါ်ပြောပြလာတဲ့ နေတိုး

ပရဟိတ ပွဲတွေအဖြစ် နှစ်စဉ် နှစ်တိုင်း ကပြဖျော်ဖြေလေ့ရှိတဲ့ နှင်းဆီလှေ အငြိမ့် အဖွဲ့လေးကတော့ အနုပညာလောကမှာ ကျင်လည် ဖြတ်သန်းလာတာ အချိန်ကြာပြီဖြစ်တဲ့ အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ကပြ ဖျော်ဖြေခဲ့တဲ့ နှင်းဆီလှေ အငြိမ့် အဖွဲ့သားများကဆိုရင် တမူထူးခြားတဲ့ ဇာတ်ရုပ်တခုချင်းစီကို ချစ်စရာကောင်းအောင် ဟာသလေးနှော ပြီးကပြဖျော် ခဲ့ရာ ပရိသတ်များရဲ့အားပေးမှုကိုရရှိခဲ့ပြီး တစ်ပွဲဆိုတစ်ပွဲ အောင်မြင်မှုရခဲ့ပါတယ်။

ထိုဖျော်ဖြေပွဲလေးတွင် ပရိသတ်အချစ်တော် နေတိုးမှ အွန်လိုင်းပေါ်က ပရိသတ်အချစ်တော် ဈေးသည်မလေး ကိကိ ပုံစံ ဟာသနှောပြီးတင်ဆက်ခဲ့ပုံကို ပရိသတ်များသဘောကျနှစ်သက်ကြပြီး “သူရဲ့ Video လေးတွေကြည့်ဖြစ်ပါတယ် စကားပြောဆိုပုံလေးနဲ့ သူရဲ့အတွေးအခေါ်လေးတွေကအရမ်းချစ်ဖို့ကောင်းတယ် ” လို့ နေတိုးကပြောပြထားပါတယ်။

Source : MC

Leave a Reply

Your email address will not be published. Required fields are marked *