

ပရိတ်သတ်တွေအားပေးမှု၇ိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ရွှေအိမ်စည် ကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။ သွယ်လျကျော့ရှင်းတဲ့ ခန္ဓာကိုယ် နဲ့ စတိုင်ကျကျ နေတတ်တဲ့ ရွှေအိမ်စည်ဟာ မော်ဒယ် ပိုင်းမှာ အောင်မြင် နေရုံသာမက ရုပ်ရှင် ဇာတ်ကားတွေမှာပါ ကြိုးစားသရုပ်ဆောင်နေတာတွေ့ရပါတယ်။

အခုတစ်ခါမှာတော့ အိမ်စည်က သူမရဲ့ ပရိတ်သတ်ကိုမေးခွန်းလေးတစ်ခုထုတ်ထားခဲ့ပါတယ်။
အိမ်စည်ရဲ့မေးခွန်းလေးကတော့ ” စနှိုက်ကျော်ခံရတယ်ဆိုရင် ကိုယ့်ကိုသစ္စာဖောက်တဲ့သူကို အပြစ်တင်မှာလား ဒါမှမဟုတ် ဆိုင်သူရှိတာကို သိရဲ့နဲ့ ကြောင်တောင်နှိုက် စနှိုက်ကျော်သွားတဲ့သူကို ဝုန်းမှာလား ” ဆိုတဲ့ မေးထားတာပါ။ပရိတ်သတ်တွေကလည်း သူတို့အမြင်ကို တစ်ယောက်တစ်မျိုးပြောပြင်းပွဲလည်း အတော်ကျခဲ့ပါတယ်။

အိမ်စည်ရဲ့အဖြေကတော့ ” နှစ်ယောက်လုံးကိုကားနဲ့တိုက်သတ်မယ်” ဖြေခဲ့တဲ့အဖြေကြောင့် ပရိသတ်တွေကတော့ ထောက်ခံနေကြတာပါနော်။အိမ်စည်ကတော့ သူ့ရဲ့ စတိုင်အတိုင်း ပြောစရာရှိ ဗွင်းဗွင်းရှင်းရှင်းပြောချထားတာဘဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ ရော အိမ်စည်နဲ့ သဘောထားချင်းတိုက်ဆိုင်လားဖြေသွားဦးနော်။

Source Shwe Eain si’s fb