
.ပရိတ်သတ်တွေ တအားချစ်ရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ကတော့ အနုပညာ လောကမှာ အောင်မြင်မှု အထွတ်အထိပ်ကို ရရှိထားတဲ့ မင်းသမီးချောလေးဘဲဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေကို ရူးသွပ်သူပီပီ ယနေ့အထိ အနုပညာအလုပ်တွေကိုမနားမနေ လုပ်ကိုင်နေလျက်ရှိပါတယ်။ဝတ်မှုန်ရွှေရည်ဟာ ဂျပန်မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းလေးဖြစ်တဲ့ “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားလေးဟာလည်း အောင်မြင်မှုရရှိခဲ့ပြီး ထိုင်းနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ “လိပ်ပြာစံအိမ်”ဇာတ်ကားလေးဟာလည်း ပရိတ်သတ်ကြားအတော်လေး အောင်မြင်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း မင်းသမီးလေး ဝတ်မှုန်ရွှေရည် က ကို၇ီးယားမင်းသားနဲ့”တိမ်တွေ ပေါ်ကပန်း”ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်တာကို မကြာခင်တွေ့ရတွေ့ရတော့မှာပါ။


ရွှေကစ်လေးကတော့ အခုနှစ်သီတင်းကျွတ်ကို အလုပ်တွေ လုပ်ရင်းမိသားစုနဲ့အတူ အချိန်ကုန်ပါမယ်လို့ သူမရဲ့ ပရိတ့သတ်တွေကိုပြောပြထားပါတယ်။ ဒီနေ့လေးမှာတော့ ကစ်က သူမရဲ့ ဖေ့စ်ဘုတ်ခ်မှာ သတို့သမီးဝတ်စုံလေးနဲ့ တစ်ကိုယ်တည်း လှနေတာပါ။

ကစ်ရဲ့ အချစ်ရေးက အရမ်းကိုအသံတွေ တိတ်နေပြီး အပျိုကြီး ကစ်က အခု ထိ လက်တွဲဖော်မရှိသေးပါဘူးနော်။ သို့ပေမယ့် မိန်းကလေးတွေရဲ့ အိမ်မက်ဖြစ်တဲ့ အရမ်းလှတဲ့ အဖြူရောင် wedding dressလေးနဲ့ ကစ်တစ်ယောက် တစ်ကယ်ကိုလှနေတာပါ။ ပရိတ့သတ်တွေ အတွက် အဖြူရောင်သတို့သမီးရဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။

Source We love Wutt Hmone Shwe Yi