
နိုင်ငံကျော် အလှမယ်လေး ဟန်တီက လောလောလတ်လတ်ကမှ Miss Myanmar World 2018 Winner ဖြစ်ခဲ့သူလေးပါ။ သူမရဲ့ သွက်လက်ဖျတ်လတ်ပြီချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိစေခဲ့တာဖြစ်ပါတယ်။မကြာသေးခင်မှ ၂၂ ပြည့်ခဲ့တာဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်နေတဲ့ မော်ဒယ်လေးဘဲဖြစ်ပါတယ်။

မော်ဒယ်လောကမှာသာမက အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင်ဘက်ကိုပါ ထိုးဖောက်လာတဲ့ ဟန်တီကို ပရိတ်သတ်တွေကလည်း အားပေးကြပါတာ်။

ဒီနေ့မှာတော့ ဟန်တီက ပရိတ်သတ်တွေ စိတ်ဝင်စားနေတဲ့ သူ့ရဲ့ အချစ်ရေးမကြောင်းကိုပြောပြလာပါတယ်” တွဲခဲ့ဖူးတာ တွေက ကိုယ့်ထက်ကြီးတဲ့ သူတွေဆိုတော့ ကိုကိုတွေပေါ့ မောင်လေးတွေ မကြိုက်ဘူး ရည်းစားဟောင်းတွေ ပေးထားတဲ့ အရုပ်တွေ အခုထိရှိသေးတယ် အိမ်အပေါ်ဆုံးထပ်လှေကားနားမှာထားထားတယ် အမေက သန့်ရှင်းရေးလုက်ရင်တစ်ခါတစ်လေ မေးတယ် ဘာလုပ်ရမလဲလို့ တကယ်ပါ အားရင် လာပြန်ယူသွားကြပါ ဟန်တီက အနုပညာ သမားအချင်းချင်းကိုတော့သေချာတယ် စိတ်မဝင်စားဘူး” ဟုဆိုလာပါတယ်။

ကဲ ပရိတ်သတ်တွေ ရဲ့ အသည်းကျော်လေးဟန်တီကတော့ သူမရဲ့ ရည်းစားဟောင်းတွေကို ပေးထားခဲ့တု့ အရုပ်တွေ အိမ်မှာ ပုံနေလို့လာပြန်ယူဖို့ပြောထားပါတယ်။

Source The radar