
အကယ်ဒမီများရှင်ချိုပြုံးကတော့ အသက်အရွယ်ကြီးပြီဖြစ်သော်လည်း အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်လုပ်ငန်းတွေကို လုပ်ကိုင်နိုင်သမျှ လုပ်ဆောင်နေတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အနုပညာဝမ်းစာ ပြည့်ဝတဲ့ ဂီတဘက်မှာကော အနုပညာဘက်မှာပါ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။


ပရိသတ်များကချစ် စနိုးနဲ့ မေချိုလို့ခေါလေ့ရှိတဲ့ ချိုပြုံးကတော့ သူမရဲ့ အမျိုးထဲမှာဆို အသက်အကြီးဆုံးလိုလိုဖြစ်နေပြီးဆိုတော့ သီတင်းကျွတ်လာကန်တော့ရင် ကုန်ပေါက်ပဲ မပေးလို့ကလဲမရဘူးလေလို့ ရယ်ရယ်မောမော ပြောပြထားပါတယ်။

သီတင်းကျွတ်ကာလပြီးရင်တော့ မန္တလေးဘက်မှာ ပွဲဆိုစရာတွေရှိပြီး မြေးလေးကိုမြေတောင်မြှောက်ပေးရတဲ့အပေါ်ကျေနပ်ပါတယ် အမေချိုကတော့ ထီထိုးထားသလိုပေါ့ သူ့ကို ပရိတ်သတ်တွေ သဘောကျနှစ်သက်ရင် ထီပေါက်သလိုပါဘဲ ဒါမယ့်ငယ်ပါသေးတယ် ၀င်းခန့်မိုးကတော့ လာတောင်မကန်တော့ရသေးဘူး မုန့်ဖိုးလှမ်းတောင်းနေပြီး လို့ပြောပြထားပါတယ်။

Source ; MC