Cele News

Skylessstar ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် မိုးစက်ဝိုင်က သူမရဲ့ အချစ်ရေးကိုပြောပြလာ

မော်ဒယ်မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ Miss Universe Myanmar 2013 ထဲကအနုပညာလောကထဲသို့ခြေချခဲ့ပြီမော်ဒယ် လုပ်ငန်းသာမက သရုတ်ဆောင်ပိုင်းဘက်သို့ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်ကားကြီးများလည်းရိုက်ကူးနေရသူလေးဖြစ်ပါတယ်။

သူမအနေနဲ့ Skylessstar ရုပ်ရှင်ဇာတ်ကား မှာနည်းနည်းတော့ပိုပင်ပန်းတယ် ထိုင်းမှာလည်းသင်တန်း တပ်ထားတယ် သီတင်းကျွတ်ပိတ်ရက်မှာတော့ အလုပ်ကလေးတွေရှိလို့ နိုင်ငံခြားသွားစရာရှိတယ်လို့ သိရပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လောလောဆယ်မ၇ှိသေးပါဘူး အိမ်ကပေးတွေ့ခိုင်းတယ်ဆိုရင်တော့ အာ့လိုလူမျိုးကို လက်ခံမှာလဲမဟုတ်သလို ငြင်းပယ်မှာလဲမဟုတ်ပါဘူး သူရဲ့အခြေအနေကိုကြည့်ပြီးရွေးသင့်မရွေးသင့်ဆုံးဖြတ်ရမှာပါလို့ ပြောပြထားပါတယ်။

Source; MC

Leave a Reply

Your email address will not be published. Required fields are marked *