
ဇာတ်ကားတစ်ခုပုံဖော်ရိုက်ကူးရာတွင် ဇာတ်ကောင်အလိုက်သတ်ဝင်ပြီပြင် ရပြီး ဇာတ်ပို့ဇာတ်ရန်ရဲ့ အပို့ကောင်းမှသာ ဇာတ်ဆောင်ရဲ့သရုပ်ကိုပိုပေါ်လွင်စေပြီး ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

မင်းသား မင်းသမီးကိုကြည့်ရှုသူပရိသတ် သနားဂရုနာသတ်လာစေဖို့ ဇာတ်ပို့ ဗီလိန်များက အမုန်းခံရတာ သဘာဝပါ ရာစုနှစ် တစ်ခုတိုင် ဗီလိန်နေရာတွင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ မုန်းခြင်းကို ခံခဲ့ရတဲ့ စိုင်းအောင်တင် ကို ငယ်ငယ်ကသူကိုယ်တိုင်လဲမုန်းခဲ့ရပါတယ်လို့ ဇင်မျိုး ကပြောပြထားပါတယ်။


ဇင်မျိုးကတော့ အနုပညာလောကကိုစရောက်ဝင်လာချိန်မှာတော့ စိုင်းအောင်တင် နဲ့သိရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သမျှဗီလိန်ဇာတ်ရုပ်နဲ့ အပြင်ကနေထိုင်မှုပုံစံက ကွာခြားနေပြီးလေးစားဖို့ကောင်းတဲ့ အနုပညာရှင်၊ မိန်းမကိစ္စလဲ မရှုပ်ဘူး ၊ရိုက်ကွင်းမှာလဲစကားနည်းတယ် ပြီးတော့ လေးစားသမှုလဲရှိတယ် စိုင်းအောင်တင်ဆီကနေ တဖြည်းဖြည်းသင်ယူလေ့လာနေပါတယ်လို့ပြောပြထားပါတယ်။
Source;MC