
ပရိသတ်ရဲ့အားပေးချစ်ခင်မှုကြောင့် အဆိုတော်အဖြစ် အခုတိုင်ရပ်တည်လျက်ရှိတဲ့ ရေဗက္ကာဝင်း ကတော့ အသံငြိမ်ငြိမ်အေးအေးလေးနဲ့ တခြားသူ သီဆိုဖို့ခက်ခဲတဲ့ သီချင်းတွေကို ပိုင်နိုင်စွာသီဆိုခဲ့ပြီး ဂီတလောကတွင်းသို့ ၀င်ရောက်လာတာ ၁၆ နှစ်ကျော် ခဲ့ပြီဖြစ်ပါတယ်။


သူမကတော့ 2013 ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်ပြုမှုအပေါ် ပရိသတ်များ သိရှိခဲ့ခြင်းမရှိဘဲ မိတ်ဆွေ အနည်းငယ်သာ သိရှိခဲ့တာကြောင့် ပရိသတ်တချို့က အပျိုကြီးလို့တောင်ထင်မှားခဲ့ကြပါတယ်။

ဂီတလောကထဲကိုအခြေချခဲ့တာဆို ၁၆ နှစ်အရွယ်ထဲကဖြစ်ပြီး သီချင်း တော်တော်များများသီဆိုထားသော်လည်း တစ်ကိုယ်တော်အခွေတော့ ထွက်ရှိထားခြင်း မရှိတာကြောင့် တချို့ ဗဟေဋ္ဌိစကားဝိုင်းလေးတွေမှာဆို ” အခွေထွက်ထားတာမရှိဘဲ အဆိုတော်ဖြစ်နေတဲ့သူကိုပြောပြပါ ” တို့ ကြားရတော့ ကိုယ့်ကိုသတိရပေးကြသိရတော့ ပျော်တာပေါ့ 2020 ကြရင်တော့ တစ်ကိုယ်တော်ခွေထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source; Punn Pwint