ရွှေခတ်​ကြာင်းပြောပြလာတဲ့ သွန်းသစ္စာဇော် – Myanmar Hot News
31st May 2023

ရွှေခတ်​ကြာင်းပြောပြလာတဲ့ သွန်းသစ္စာဇော်

ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ ” ပျောက်ဆုံးနေသောအမှန်တရား ” ရုပ်သံဇာတ်လမ်းတွဲမှာ ရွှေခတ်နေရာကနေ ပါဝင်သရုတ်ဆောင်အားဖြည့်ထားတဲ့ သွန်းသစ္စာဇော် ကသူမပါဝင်သရုတ်ဆောင်ထားတဲ့ ဇာတ်ကောင် အပြည့်အစုံကိုပြောပြခဲ့ပါတယ်။

” ပျောက်ဆုံးနေသောအမှန်တရား ” မှာအဓိကဇာတ်ရုပ်ဖြစ်တဲ့ရွှေခတ်လေးကတော့ လွတ်လွတ်လပ်လပ်နေတက်ပြီး မိဘရဲ့ ချုပ်ချယ်မှုကိုမခံရတဲ့ မိန်းကလေးဖြစ်ပြီး သူငယ်ချင်းတွေကို မိသားစုလိုသဘောထားကာ အမြဲတမ်းနံပါတ်တစ်နေရာမှာ သတ်မှတ်ထားတဲ့ကောင်မလေးမျိုးပါ။

ကိုယ်နဲ့ အခြေအနေချင်းအရမ်းကွာခြားလွန်းနေတဲ့ သူဋ္ဌေးသားလေးကိုတိတ်တခိုးချစ်မိနေပြီး ၊ သူကပြန်ကြိုက်လာတော့ နောက်ပိုင်းမှာ ရွှေခတ်ဆီကနေ ဒေတာတွေအကုန်ယူအသုံချခံအခြေအနေဖြစ်လာတဲ့အခါ သူငယ်ချင်းတွေအပေါ်လဲ သစ္စာဖောက်ပုံစံမျိုးဖြစ်ပြီ ၀မ်းနည်းကြေကွဲရတဲ့ပုံစံလေးပါ လို့ဇာတ်ကောင်ပုံစံလေးကိုပြောပြထားပြီး အပြင်မှာတော့ အသဲခနခနကွဲဘူးတယ် ခုတော့မကွဲတော့ပါဘူး ၊ သီတင်းကျွတ်မှာတော့မိဘတွေကိုကန်တော့ပြီးပြီး ဆုပေးတာကတော့ အလုပ်အကိုင်အဆင်ပြေပါစေပေါ့ မိဘတွေကအပျိုကြီးပဲလုပ်စေချင်တော့ မြန်မြန်ကျွတ်ပါစေတော့ ဆုမပေးဘူးလို့လဲ ပြောထားပါသေးတယ်။

Source; Sunday Journal

Leave a Reply

Your email address will not be published. Required fields are marked *