
အကယ်ဒမီမင်းသမီးချောလေးဝတ်မှုန်ရွှေရည် ကတော့ ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသမီးလေးဘဲ ဖြစ်ပါတယ်။
သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုဟာ ရုံအပြည့်နဲ့ ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးရစမြဲဘဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ကစ်က”တစ်ဦးတည်းသောဣတ္ထိယ “ဇာတ်ကားကို လက်ခံထားပြီး ရွှေထူး ၊ဟိန်းဝေယံတို့နဲ့အတူ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကစ်တစ်ယောက်က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ဂါရဝပြုခဲ့ပြီး သူမရဲ့ ပရိတ်သတ်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ထို့အပြင် သက်ကြီးပူဇော်ပွဲကိုတက်ရောက်လာတဲ့

မင်းသမီးကြီး ခင်မေသက် အတွက် ဆေးဖို့ကူညီထောက်ပုံသွားဦးမှာဘဲ ဖြစ်ပါတယ် ။ မင်းသမီးကြီး ခင်မေသက်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ မင်းသမီးကြီး ဖြစ်ခဲ့သလို အငြိမ့်တွေမှာလည်း ပါဝင်ကပြခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာတော့ လည်ချောင်းကင်ဆာ ကိုခံစားနေရပြီး အသံပင်မထွက်နိုင်လောက်အောင်ကိုပင်ဖြစ်နေပါပြီ။

ပရိတ်သတ်တွေ ချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ကတော့ အမေ့အတွက် ဆေးဖိုးတွေကိုတာဝန်ယူသွားမှာဘဲဖြစ်ပါတယ်။ အရမ်းကို စိတ်ထားကောင်းတဲ့ မင်းသမီးချောလေးအတွက် သူမရဲ့ ပရိတ်သတ်တွေ အရမ်းဂုဏ်ယူနေရပြီဘဲ ဖြစ်ပါတယ်။

Source MC