
မော်ဒယ်အဖြစ်နဲ့ ပရိတ်သတ်တွေနဲ့ စတင်ရင်းနှီးခဲ့ရတဲ့ ဘေဘီမောင်ဟာ လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီး ချစ်သူ အဆိုတော် သားဂန်းနဲ့ လည်း အဆင်ပြေတဲ့ အချစ်ရေးလေး တစ်ခုကို တည်ဆောက်ထားပါတယ်။

ပရိတ်သတ်တွေ အားကျလောက်အောင်ကိုချစ်တတ် ဂရုစိုက်တတ်တဲ့ သားဂန်းကြောင့် ဘေဘီမောင်တစ်ယောက် စိတ်ချမ်းသာနေရပါတယ်။

မ နဲ့မောင်အတွဲလေးဖြစ်တဲ့ သူတို့ဟာ စိတ်တူ ကိုယ်တူနဲ့ ရှေ့သွားနောက်လိုက်ညီပြီး လက်ရှိမှာလည်းဘအနုပညာ အလုပ်တွေကို နှစ်ယောက်တွဲဖက်ကာ လုပ်ကိုင်နေပါတယ်။

ဘေဘီမောင်ဟာ အခုနောက်ပိုင်းမှာမှ ယဉ်ယဉ်လေးနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး သူမပေါ်စအချိန်တုန်းကနဲ့ အရမ်းကို ကွာခြားလျက်ရှိပါတယ်။ မြန်မာဝတ်စုံတွေ နဲ့ ယဉ်ယဉ်လေးလှနေတတ်ပြီး အရှက်ရစေမယ့် အဝတ်အစားမျိုးကို လုံးဝ ဝတ်တာ မတွေ့ရတော့ပါဘူး ယင်းနဲ့ပတ်သတ်ပြီးဘေဘီမောင်က ” ကိုယ့်ကို တန်ဖိုးထားပြီးအနားရောက်လာတဲ့လူဆိုတော့ ကိုယ်လည်း ထိန်းလိုက်တာပါ ယောက်ကျားလေးဘဲ က်ုယ့်မိန်းကလေးကိုတိုမှာပေါ့ အဓိကက ကိုယ့်ထက်လည်းငယ်ပါတယ် ကြောက်စရာလည်းမရှိဘူး သူကိုာ်တိုင် တစ်ခါတစ်လေ ဝတ်ဖို့ပြောတယ် ကိုယ်တိုင်ကိုယ်က ကြီးမှအဲ့လိုမဖြစ်ချင်ဘူး အသက်တွေကြီးလာလို့စိတ်တွေပြောင်းသွားတာလဲပါတယ်” ဟုပြောပြလာပါတယ်။

ဘယ်လိုဘဲဝတ်ဝတ် ဘေဘီမောင်ကတော့ လှမြဲပါဘဲနော်။ဘေဘီမောင်ကတော့ လတ်တလောမှာတော့ နေမျိုးအောင်၊ကျော်ရဲအောင်တို့နဲ့ ရုပ်ရှင်လေးတွေ ရိုက်နေပါတယ်။

Source MC