မြတ်​သူသူအဖြစ်​နာမည်​​ပြောင်းလိုက်​တဲ့ ယွန်း​မေခ​လေး – Myanmar Hot News
30th May 2023

မြတ်​သူသူအဖြစ်​နာမည်​​ပြောင်းလိုက်​တဲ့ ယွန်း​မေခ​လေး

မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့  ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးဘဲဖြစ်​ပါတယ်​။ လတ်​တ​လောမှာ ပြသလျက်ရှိတဲ့ ” တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပါသေးတယ်။

မင်းသမီးချောလေး မြတ်သူသူဇင်ကတော့ သူမကို အရမ်းချစ်တဲ့ ချစ်သူနဲ့အတူ သာယာတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ ပရိတ်​သတ်​​တွေ အား​ပေးရတဲ့ မင်းသမီး​ချော​လေးမြတ်​သူသူဇင်​က သူမရဲ့ နာမည်​ကို မြတ်​သူသူအဖြစ်​​ပြောင်းလဲလိုက်​ပြီဘဲဖြစ်​ပါတယ်​။

“မြတ်သူရဲ့အကောင့်ထဲက ချစ်ရတဲ့ဆရာသမား မိတ်ဆွေအပေါင်းအသင်းများနှင့် မီဒီယာ အကိုအမများ အားပေးကြသူများအားလုံးကို ဒီနေ့မှစ မြတ်သူသူ ဆိုတဲ့နာမည်လေးပဲပြောင်းလဲခေါ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင့်​”ဆိုပြီး ပရိတ်​သတ်​​တွေရဲ့ မီဒီယာ​တွေကို အသိ​ပေးထားခဲ့တာဖြစ်​ပါတယ်​။

Source Myat Thu Thu

Leave a Reply

Your email address will not be published. Required fields are marked *