မူးယစ်​​ဆေးရဲ့ သား​ကောင်​ဘဝအဖြစ်​မှ လွတ်​​မြောက်​​စေဖို့ ဆု​တောင်း​ပေးလိုက်​တဲ့ မိုး​အောင်​ရင်​ – Myanmar Hot News
1st June 2023

မူးယစ်​​ဆေးရဲ့ သား​ကောင်​ဘဝအဖြစ်​မှ လွတ်​​မြောက်​​စေဖို့ ဆု​တောင်း​ပေးလိုက်​တဲ့ မိုး​အောင်​ရင်

မူးယစ်​​ဆေးနွံထဲ ​ခြေချမိရင်​ ပြန်​ရှုန်းထွက်​ဖို့ဆိုတာ အ​တောအ​လေးခက်​ခဲတာကို လူအများက ကြားဖူးနားဝ​လောက်​​တော့သိရှိကြမှာပါ။သို့​ပေမယ့်​လည်း မ​ကောင်းမှုဟာ ​ကောင်းမှုထက်​ကျူးလွန်​​ဖောက်​ဖျက်​ဖို့လွယ်​စမြဲဘဲ ဖြစ်​ပါတယ်​။ ပရိတ်​သတ်​​တွေသိကြတဲ့ အတိုင်းဘဲရုပ်​ရှင်​မင်းသား​ချော မိုး​အောင်​ရင်​ဟာလည်း မူးယစ်​​ဆေးရဲ့ ​ကျေးကျွန်​ဘဝကို ကျ​ရောက်​ခဲ့ရပြီး သူ့ဘဝအတွက်​ များစွာ ထိခိုက်​ နစ်​နာမှု​တွေ ဖြစ်​ခဲ့ရပါတယ်​။

မကြာ​သေးခင်​က လွတ်​ငြိမ်းချမ်းသာခွင့်​ဖြင့်​ ပြန်​လည်​လွတ်​​မြောက်​လာကာ သူ့ဘဝနဲ့ ရင်းပြီး သိလိုက်​ရတဲ့ သင်​ခန်းစာတစ်​ခုကို ပရိတ်​သတ်​​တွေကို ​ပြောပြလာပါတယ်​”ကိုယ်​တိုင်​ကြုံမှသာ တစ်​ချို့အရာ​တွေက သိတာ​ပေါ့ ကျွန်​​တော်​တုန်းကလဲ အဲ့လိုဘဲ​ပေါ့ သူများ​တွေ ဒီလိုဖြစ်​တတ်​တယ်​ ဒါမလုပ်​သင့်​ဘူး​ပြောလည်း မယုံဘူး ​အော်​ဒါဘာဖြစ်​မှာမို့လဲ​ပေါ့ အဲ့တာသည်​အမှားတစ်​ခု​ပေါ့ အခငလိုကြုံလိုက်​မှသာ ဒီအမှားကြီးကို ငါ့ကိုသူများ​တွေသတိ​ပေးခဲ့တာဘဲ ဆိုတဲ့ စိတ်​ခံစားချက်​ကြီး ဖြစ်​ရတယ်​ တစ်​ခြားလူ​တွေလည်း ကိုယ်​လိုမမှား​အောင်​ ​လော​လောဆယ်​မှာဆု​တောင်း​ပေးလို့ရတယ်

အခုကိုယ့်​ကိုကိယ်​နဲ့နှိုင်းပြီး သူများကိုလည်း ကိုယ်​ချင်းစာလို့ရတယ်​ တစ်​ချို့အရာ​တွေက ​ဘေးကလူ​တွေ ​ပြောရုံနဲ့ မရဘူး ကိုယ်​တိုင်​ကြုံရမှသာသိတာ ကျွန်​​တော်​လိုကိုယ်​တိုင်​ကြုံမှ နားလည်​ရတဲ့ဘဝက​နေအမြနိဆုံးလွတ်​​မြောက်​ပါ​စေလို့ကျွန်​​တော်​ဆု​တောင်း​ပေးပါတယ်​”ဟု မိုး​အောင်​ရင်​က ဖွင့်​​ပြောလာခဲ့ပါတယ်​။

လက်​ရှိမှာ​တော့မိုး​အောင်​ရင်​ အနုပညာ အလုပ်​​တွေကို လုပ်​ကိုင်​​နေပြီ ဖြစ်​ပါတယ်​။ သူပါဝင်​ထားတဲ့ သုံး​ယောက်​​ပေါင်း​လောင်း​ကျော်​ ဇာတ်​ကားဟာလည်း လာမည့်​ ၂၄ ရက်​​နေ့မှာ ရုံတင်​ပြသ​တော့မှာဖြစ်​ပါတယ်​။

Source Myanmar cele 7

Leave a Reply

Your email address will not be published. Required fields are marked *