
ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေကိုပိုင်ဆိုင်ထားတဲ့ ဇင်ယော်မောင်မောင် ကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို ပေးနိုင်သမျှသော ပညာစွမ်း ဉာဏ်စွမ်းကို ပေးနိုင်သမျှ ပေးထားပြီး သားဖြစ်သူကလဲ ကြိုးစားလေ့လာ နေပါတယ်။


အခုအခါမှာတော့ သားဖြစ်သူကလဲပညာစုံသလောက်ရှိပြီး အနုပညာရှင်ကောင်းတစ်ယောက် ဒါရိုက်တာကောင်းတစ်ယောက် ဖြစ်ဖို့ ထိုက်တန်တဲ့အချိန်အခါလဲရောက်ပြီ လမ်းမှားမရောက်အောင် ဆုံးမပေးပြီး ဆိုးရိမ်နေတာပဲရှိတယ် ပရိသတ်တွေ လဲအမြင်မတော်တာရှိရင် ဆုံးမပါ သွန်သင်ပါ လို့ပြောထားပါတယ်။

နောက် အများဆုံး ၂နှစ် အနည်းဆုံး ၁နှစ်လောက်နေရင် ဒာရိုက်တာအလုပ် ကနေ အနားယူမှာဖြစ်ပြီး ရှူတင်မနေဂျာ အဖြစ် ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး သားဖြစ်သူအတွက် အမွေလွဲဖို့တော့အကုန်လုပ်ပြီး ပါဘီ လို့ ပြောပြထားပါတယ် ။

Source; Popular Journal