သူရဲ့ကျမ်းမာရေး အခြေအနေပြောပြလာတဲ့ ဦးမိုးဒီ – Myanmar Hot News
29th March 2023

သူရဲ့ကျမ်းမာရေး အခြေအနေပြောပြလာတဲ့ ဦးမိုးဒီ

ဟာသ သရုပ်ဆောင်လူရွှင်တော်ကြီးဖြစ်တဲ့ ဦးမိုးဒီ ကတော့ ဟာသပိုင်းတွင် ထူးချွန်ပြောင်မြောက်ပြီး ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် ဟာသစကားလုံများဖြင့် ပြုံးပျော်အောင်လုပ်ဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။

အသက်အရွယ်ကြီး လာတဲ့အခါမှာတော့ ရောဂါဆိုတာ တစ်မျိုးမဟုတ် တစ်မျိုး ၀င်ရောက်ဖြစ်ပေါ် လာတက်တာဖြစ်တာကြောင့် ဦးမိုးဒီ ကတော့ ဆီးချိုရောဂါဖြင့် ဆေးရုံ မကြာခန တက်နေရပြီး တခါတက်ရရင် တရက်ကို ၈သိန်းလောက် ကျတာကြောင့် တက်နိုင်တဲ့အချိန်ဆိုရင်တော့တက်လိုက်တယ် မတက်နိုင်တဲ့အချိန်ဆိုရင်တော့ ဆေးရုံကနေဆင်းလာတယ် လို့ပြောထားပါတယ်။

အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားတွေ ရိုက်နိုင်ရင်တော့ရိုက်တယ် ကိုယ်ကမရိုက်နိုင်လို့ရောဂါပြန်ထတဲ့အခါ အားနားတော့ တချို့လာကမ်းလှမ်းလာတာတွေကို ငြင်းပယ်လိုက်တာလဲရှိတယ် အခုနောက်ပိုင်းတော့ ၁ရက်၂ရက်နဲ့ ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်ရင် သရုပ်ဆောင်တာဆက်လုပ်ပါ့မယ် လို့လဲသိရပါတယ်။

Source ; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *