
ဇာတ်ပို့နေရာကနေ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်စေဖို့ အားဖြည့်ပါဝင်လုပ်ဆောင်ရတဲ့ Kညိမ်း ကတော့ အနုပညာအလုပ်ကို ခတ္တရပ်နားရာကနေ အနုပညာအလုပ်ကနေ နှုတ်ထွက်သလိုဖြစ်နေပြီး အနုပညာလောကနဲ့ ကင်းကွာနေတာကြာလှပြီဖြစ်ပါတယ် ။


စီပွားရေးအလုပ်ကို လုပ်ကိုင်ရတာက စီမံခန့်ခွဲမှုအပိုင်းတွေ စီပွားရေနဲ့ဆိုင်တာတွေ အများကြီး အသုံးပြုရတယ် အနုပညာကတော့ ကိုယ်ရဲ့ စိတ်ခံစားချက် လွတ်လပ်မှု ပုံစံတွေကိုပြသလို့ရတာပေါ့လို့ ပြောပြထားပါတယ်။

နောက်ပိုင်းတော့ စီပွားရေးနယ်ပယ်မှာပဲကျင်လည်သွားဖို့ရှိပါတယ် အနုပညာအလုပ်တော့ လုပ်ကိုင်ဖို့ အစီအစဉ်မရှိသေးဘူး အခုအခြေအနေလေးကလည်းအဆင်ပြေနေပြီ တအား ခက်ခဲတဲ့ အရာတွေလဲမရှိဘူးလေ ဒာကြောင့် ဒီနယ်ပယ်မှာပဲ တည်ရှိနေထိုင်သွားဖို့ ပဲရှိပါတယ်လို့ သိရပါတယ်။

Source; Popular Journal