၂၁ နှစ်မွေးနေ့လေးမှာ အလှူပြုလုပ်ခဲ့တဲ့ မေမြတ်နိုး – Myanmar Hot News
31st March 2023

၂၁ နှစ်မွေးနေ့လေးမှာ အလှူပြုလုပ်ခဲ့တဲ့ မေမြတ်နိုး

အောက်တိုဘာလ ၁၄ရက်နေ့မှာတော့ မော်ဒယ်မလေး မေမြတ်နိုးရဲ့ ၂၁နှစ်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမကတော့ အသက်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကကိုရောက်ရှိလာပြီး မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေသူလေးဖြစ်ပါတယ်။

အောင်မြင်မှုကိုငယ်ငယ်ရွယ်ရွယ်နဲ့ပိုင်ဆိုင်းထားပြီး ကမ္ဘာနဲ့ယှဉ် ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ နောက်တိုဘာလ ၁၄ ရက်နေ့မှာ သူမရဲ့ အသက် ၂၁ နှစ်မွေးနေ့လေးကျရောက်ခဲ့ပါတယ်။

သူမရဲ့ မွေးနေ့လေးကိုတော့ ပကာသနတွေပြင်ဆင်ချယ်မှုန်ခြင်းမရှိဘဲ မိုးညိုမြို့ရှိ YGW ပရဟိတ မိဘမဲ့ကျောင်းမှာ အ၀တ်အထည်၊ ဆန်၊ ဆီ၊ ဆား နဲ့ ငွေကျပ် ၃သိန်းတို့ကို စုပေါင်းပြီး အလှူ လေးတွေပြုလုပ် ခဲ့ကာ သူမရဲ့ မွေးနေ့ အချိန်ပိုင်းလေးကို ကုန်ဆုံး စေခဲ့ပါတယ်။

Source; MC

Leave a Reply

Your email address will not be published. Required fields are marked *