
ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိခါးတဲ့ ဆယ်လီစုံတွဲတွေဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီတို့ဟာ လက်ရှိမှာအနုပညာ အလုပ်တွေကိုအတူတူတွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။
အတူတူတွဲပြီး ဘဝကိုဖြတ်သန်းလာကာ အခုဆို ရင်(၁ )နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်လေးရောက်ဖို့ သိပ်မလိုတော့ပါဘူး။

ရွှေထူးက မကြာသေးခင်ကပင် 4reunion ပွဲလေးကို အခြားနာမည်ကြီးအဆိုတော်X box ,lilz,htetyanတို့နဲ့အတူတူ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ယင်းပွဲလေးမှာ ဇနီးဖြစိသူ ရွှေမှုန်လေးနဲ့ လည်း အတူတူ သီချင်းတွေ ဆိုကာ ဖျော်ဖြေခဲ့ပါတယ်။

” အမှတ်တရဖြစ်တာပေါ့ အတူတူတွဲဆိုရတာ ကျေနပ်ပီတိဖြစိပါတယ် ကျွန်တော်သူ့ကို လေ့ကျင့်ပေးတာတွေမရှိဘူး သူအားမှတစ်ခါတစ်လေ ကျွန်တော့ဆိုခိုင်းတာ် သူလည်းသူ့ဘာသာသူ professional အလုပ်ကရှိပြီးသားဘဲဆိုတော့”ဟုဆိုကာ ရွှေမှုန် နဲ့ အတူတူတွဲဆိုရတဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီးပြောပြလာပါတယ်။

ရွှေထူးကတော့ လတ်တလောမှာ တတိယခွေ ထွက်ဖို့ပြင်ဆင်နေပြီး ၇ုပ်ရှင်ဇာတ်ကားများမှာလည်း သရုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

Source MC