Cele News

(၉) ​​ခွေ​မြောက်​ Album ​လေးထွက်​ဖို့ပြင်​ဆင်​​နေတဲ့ ရဲ​လေး

ယောကျာင်္း​လေးပရိတ်​သတ်​​ရော မိန်းက​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးခြင်းကို ရရှိထားတဲ့ ရဲ​လေးဟာ ​ဂီတ​လောကမှာ ​နေရာအခိုင်​အမာတစ်​ခုကိုရရှိထားတဲ့သူဘဲဖြစ်​ပါတယ်​။သီချင်း​အေး​အေး​လေး​တွေနဲ့ ပရိတ်​သတ်​အား​ပေးမှုကိုရရှိထားတဲ့ အဆို​တော်​ ရဲ​လေး က လက်​ရှိမှာ အနုပညာ လှုပ်​ရှားမှုများစွာ ရှိ​နေပြီး သူ့ရဲ့ ဇာတ်​ကားများဟာလည်း ဆက်​တိုက်​ရုံတင်​​နေပါတယ်​။

အနုပညာ လုပ်​ရှားမှု​တွေကိုမှန်​မှန်​​လေး ပြုလုပ်​​နေပြီး သူရဲ့ သီချင်းများဟာလည်း ယ​နေ့​ခေတ်​လူငယ်​​တွေရဲ့ အသည်းစွဲဘဲ ဖြစ်​ပါတယ်​။
မကြာ​သေခင်​ကလည်း နှင်း​ဆီ အငြိမ့်​မှာပါဝင်​​ဖျော်​​ဖြေခဲ့ပြီး ပရိတ်​သတ်​​တွေ ပွဲ ကျ​အောင်​ လုပ်​နိုင်​ခဲ့ပါ​သေးတယ်​။

အခုတစ်​ခါမှာ​တော့ ရဲ​လေးက သူရဲ့ ဂီတနဲ့ ပတ်​သတ်​ပြီး ပရိတ်​သတ်​အတွက်​ ချပြဖို့များစွာရှိ​သေး​ကြောင့းကို​ပြောပြလာပါတယ်​” ကျွန်​​တော်​ တစ်​ကိုယ်​​တော့အ​ခွေ​လေးထွက်​ဖို့ရှိပါတယ်​ ထွက်​ရင်​​တော့ကြို​ပြောပါတယ်​ ထွက်​ဖို့​တော့ရှိတယ်​ ပရိတ်​သတ်​နဲ့ မီဒီယာကို ၃ လ​လောက်​ကြိုပြီး အသိ​ပေးမှာပါ ကျွန်​​တော့ရဲ့ သီချင်း ​ဟောင်း​ရော အသစ်​​တွေ​ရောပြန်​ပါလာပါမယ်​ ကျွန်​​တော်​ physical album ​လေးလုပ်​ကိုလုပ်​မှာပါ အခုကျွနိ​တော်​တို့လုပ်​​နေရတာ digital platform မှာ streaming လုပ်​​နေရတဲ့ ဟာ​တွေ ဒါလည်းမလုပ်​လို့မရဘူး ​ခေတ်​​ရေစီး​ကြောင်းအရ လုပ်​ရမှာဘဲ ဒါ​မဲ့ မှတ်​တိုင်​​လေးတစ်​ခုကျန့ချင်​​တော့ ကျွန်​​တော်​ ​ခွေထုတ်​သွားပါမယ်​” ဟု​ပြောပြသွားပါတယ်​ ။

ရဲ​လေးရဲ့ ပရိတ်​သတ်​​တွေ ဒီနှစ်​အတွင်းနဲ့ ​နောက်​နှစ်​မှာ ရဲ​လေးရဲ့ အနုပညာ လှုပ်​ရှားမှု​တွေ အများကြည့်​ ​တွေ့ရ​တော့မှာပါ။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *