
ဖြူဖြုထွေးကို ရိုးသားတဲ့ သူလေးတစ်ယောက်မို့ ပရိတ်သတ်တွေက အားပေးနေရတာဘဲ ဖြစ်ပါတယ်။ ဖြူဖြူစင်စင် နဲ့ အပြစ်ကင်းတဲ့ သူလေးမို့ ပရိတ်သတ်တွေရဲ့ မေတ္တာကိုရရှိထားသူဘဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးတစ်ယောက်ကတော့ ကျောင်းကပွဲကတစ်ဆင့် လူမှုကွန်ရက်ကြား နာမည်ကြီးလာကာ အစောပိုင်းမှာဝေဖန်တိုက်ခိုက်မှုများရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ဖြူဖြူထွေး ဟာ ပရိတ်သတ်တွေ ရဲ့ မေတ္တာကိုရရှိထားသူဘဲဖြစ်ပါတယ်။

မကြာသေးခင်ကဘဲ စင်ကပူထိသွားရောက်ကာ ကြော်ငြာတွေ ရိုက်ကူးခဲ့ရပြီး ဖြူဖြူထွေး တစ်ယောက် လာကမ်းလှမ်းတဲ့အလုပ်တွေနဲ့ အားလပ်ချိန်မရှိအောင်ကိုဖြစ်နေပါတယ်။

မိဘကိုလုပ်ကျွေးပြီး ကိုယ်၇ပ်ကိုယ့်ရွာကိုလည်း စောင့်ရှောက်တတ်တဲ့ ဖြူဖြူထွေး ကို ပြီးခဲ့တဲ့ သီးတင်းကျွတ်လေးမှာရွှာခဲက ကလေးတစ်ချို့က ရှိရာ ပစ္စည်းတစ်ချို့နဲ့ လာကန်တော့ခဲ့ကြပါတယ် ဖြူဖြူထွေး တစ်ယောက်ကတော့ ကန်တော့ခံနေရလို့ ဝမ်းသာမဆုံးဖြစ်နေပြီး သိတတ်လိမ္မာတဲ့ ကလေးတွေကို မုန်ဖိုးငါးထောင်စီပြန်ဝေပေးခဲ့ပါသေးတယ်။

ဖြူဖြူထွေးတစ်ယောက်ကတော့ တရေးတယူကန်တော့ခံရလို့ အတိုင်းမသိပျော်နေတယ်ဆိုတာ အသိသာကြီးပါဘဲနော်။ ဖြူဖြူထွေး ရဲ့ ရှေ့ဆက်လုပ်မယ့် အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ဦးနော်။

Source Phyu phyu htwe