
မော်ဒယ်အဖြစ်နဲ့ ပရိတ်သတ်တွေနဲ့ စတင်ရင်းနှီးခဲ့ရတဲ့ ဘေဘီမောင်ဟာ လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီး ချစ်သူ အဆိုတော် သားဂန်းနဲ့ လည်း အဆင်ပြေတဲ့ အချစ်ရေးလေး တစ်ခုကို တည်ဆောက်ထားပါတယ်။

ပရိတ်သတ်တွေ အားကျလောက်အောင်ကိုချစ်တတ် ဂရုစိုက်တတ်တဲ့ သားဂန်းကြောင့် ဘေဘီမောင်တစ်ယောက် စိတ်ချမ်းသာနေရပါတယ်။

မ နဲ့မောင်အတွဲလေးဖြစ်တဲ့ သူတို့ဟာ စိတ်တူ ကိုယ်တူနဲ့ ရှေ့သွားနောက်လိုက်ညီပြီး လက်ရှိမှာလည်းဘအနုပညာ အလုပ်တွေကို နှစ်ယောက်တွဲဖက်ကာ လုပ်ကိုင်နေပါတယ်။.နှစ်ယောက်ဟာသည်းသည်းလှုပ်ချစ်နေကြပြီး အတူတူ လက်တွဲဖို့အိမ်မက်တွေ ကိုယ်စီနဲ့ရှိကြပါတယ်။
သို့ပေမယ့် ဘေဘီမောင် တစ်ယောက်ဟာ မိသားစုကိုငှဲ့ညှာနေရတာဖြစ်လို့တွေဝေလျက်ရှိပါတယ်” အမှန်တိုင်းဆို အခု၂၉ နောက် ၃၀ ဆိုတော့မိန်းမတစ်ယောက်က အိမအထောင်ပြုပြီးအေးအေးချမ်းချမ်းနေသင့်နေပြီ ဒါပေမယ့် ကိုယ်ကမအေးချမ်းနိုင်သေးဘူး မိဘတွေကိုပေးလည်း မောင်တွေညီမတွေကိုလည်း မကြည့်လို့မဖြစ်ဘူး သူတို့ဝင်ငွေလေးနဲ့ရပ်တည်နိုင်တဲ့အထိကြည့်ပေးရမယ် အိမ်ထောင်ပြုဖို့ကိုမအားသေးဘူး” ဟုပြောပြလာခဲ့ပါတယ်။

ဘေ ဘီမောင်တစ်ယောက်အမကြီးအမိရာဆိုသလို မောင်လေးနဲ့ ညီမလေးတွေကိုလည်း ဂရုတစိုက် နဲ့ပြုစုစောင့်ရှောက်တတ်ပြီး အနုပညာ အလုပ်တွေကိုလည်းတစ်ဖက်တစ်လမ်းကကြိုးစားနေသူဖြစ်တာမို့ပရိတ်သတ်တွေက အားပေးလိုက်ဦးနော်။

Source MC