
ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝရရှိထားသူဖြစ်တဲ့ မင်းသားချော မြင့်မြတ်ဟာ အနုပညာအလုပ်တွေကို မရပ်မနားလုပ်ကိုင်နေပြီး ပရိတ်သတ်အတွက်ကြိုးစားနေသူတစ်ဦးပါ။

သာဘာဝမင်းသားကြီးအဖြစ်နဲ့ အနယ်နယ်အရပ်ရပ်က ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အခိုင်အမာရရှိထားသူ ဖြစ်တဲ့ မြင့်မြတ်ဟာ လက်ရှိမှာ သားလေး ဂျူနီယာမြင့်မြတ်နဲ့ သာယာတဲ့မိသားစုကိုပိုင်ထားပါပြီ။

မကြာမီရုံတင်တော့မယ့် ဇာတ်ကားလေးဖြစ်တဲ့ ချိုးရုပ် ဇာတ်ကားလေးမှာလည်း တူမတူတဲ့ ကာရိုက်တာ နဲ့ ပရိတ်သတ်တွေ သဘောကျဦးမှာအမှန်ပါ။
“ငဒူ” ဇာတ်ကောင်နဲ့ ပရိတ်သတ်တွေ ကြားပေါက်ခဲ့သလိုဘဲ ချိုး၇ုပ်မှာလည်း ဖိုးရှုပ်အနေနဲ့ ကာရိုက်တာ တစ်ခုကိုဖန်တီးထားပြီး ပရိတ်သတ်တွေကို အသစ်အဆန်းခံစားစေမှာပါ။

ဖိုးရှုပ်ရဲ့ ချိုးရုပ် ကျေးလက်ဒေသရဲ့ ချစ်စရာဓလေ့ ရီစရာ လွမ်းစရာ ကြေကွဲစရာ စတဲ့ရသမျိုးစုံကို တပြိုင်တည်းပေးစွမ်းမယ့် ဇာတ်ကားလေးဘဲ ဖြစ်ပါတယ်။ တစ်ရပ်ကွက်လုံး လောက်စလုံးနဲ့ ပတ်သွားနေတဲ့ ဖိုးရှုပ်တစ်ယောက် ဘယ်လိုတွေ ပတ်ရှုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ယင်းဇာတ်ကားလေးဟာဒါရိုက်တာ ခင်လှိုင်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော ပရိသတ်အချစ်တော်မြင့်မြတ်၊ ခင်လှိုင်၊ တိုင်ရွန် နဲ့ အိချောပိုတို့ရဲ့ ချိုးရုပ် ဟာသရုပ်ရှင်ဇာတ်ကားကြီး🠀ကို လာမည့်ကြာသပတေးနေ့(၁၇.၁၀.၁၉) မှာ စတင်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
Source ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး