
ပရိတ်သတ်တွေချစ်တု့ စူစူကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ရင်း ပရိတ်သတ်တွေကို အနုပညာနဲ့ဖျော်ဖြေ တင်ဆက်နေသူဘဲ ဖြစ်ပါတယ်။စူစူက မြန်မာဆန်တဲ့ ရုပ်လေးနဲ့ တကယ်ကို ကြော့ရှင်းပြေပြစ်သူလေးပါ။

မကြာသေးခင်က ၇ိုက်ကူးခဲ့တဲ့ lady boy နု့ ဒဏ္ဍာရီပင်လယ် ဇာတ်ကားမှာလည်း ပရိတ်သတ်တွေရဲ့ စိတ်ကျေနပ်မှုရအောင်ကို သရုပ်ဆောင် စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။
အခုတစ်ခါမှာလည်း စူစူက ” ချိုးရုပ်” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ လုပ်ကွက်အတော်လေးရတဲ့ ဇာတ်ကားကောင်းလေးဘဲ ဖြစ်ပါတယ်။
စူစူက မင်းသားချော မြင့်ုမြတ်နဲ့ အတူ သရုပ်ဆောင်ရပြီး “ချိုးရုပ်” ကားထဲက ဖိုးရှုပ်ရဲ့ ကာရိုက်တာလေးကို သဘောကျမိကြောင်းပြောလာပါတယ်

” ကိုမြင့်မြတ်က ဒီဇာတ်ကားမှာ အဝတ်အစားပုံစံလေးရော စကားပြောပုံရော ပုံစံ တစ်မျိုး ဇာတ်ကောင်တစ်ခုဖန်တီးထားတယ် သဘောကျတယ် အဲ့ပုံလေး ပရိတ်သတ်တွေလည်း ကြည့်ရင်သဘောကျမှာပါ “ဟုပြောသွားပါတယ်။

စူစူကတော့ ယင်းဇာတ်ကားလေးမှာ ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာ တွေရဲ့ စိတ်တိုင်းကျ အဝတ်အစားဒီဇိုင့းတွေကို ဝတ်ဆင်ထားပြီး ကျေးလက်ဒေသနောက်ခံလေးကိုဟာသ အလွမ်း ရသမျိုးစုံနဲ့ ဇာတ်အိမ်လေးတစ်ခု ဖွဲစည်းထားတာကို ချိုးရုပ် ဇာတ်ကားမှာ တွေ့ရမှာဘဲ ဖြစ်ပါတယ်။

Source MC