5th December 2020

ရှမ်းချယ်​ရီ ပညာရေးပရဟိတ​ဂေဟာကို​ထောက်​ပံ့​ငွေ သွား​ရောက်​လှူဒါန်းခဲ့တဲ့ သင်​ဇာဝင့်​​ကျော်

သင်​ဇာဆိုတာနဲ့ ဆက်​ဆီကျကျနဲ့ အမြဲသွက်​သွက်​လက်​လက်​ ​နေတတ်​တဲ့ ​ကောင်​မ​လေး တစ်​​ယောက်​ဆိုတာပရိတ်​သတ်​​တွေသိကြမှာပါ။အမြဲလိုလိုလည်း ဖက်​ရှင်​အလန်းစား​တွေနဲ့ ပရိတ်​သတ်​​တွေကြားထဲ ပွဲဆူ​စေသူလည်းဖြစ်​ပါတယ်​။ သင်​ဇာက​တော့ သူမရဲ့ အလှအပ​တွေကို ယုံကြည်​မှုရှိရှိနဲ့ ထုတ်​​ဖော်​တတ်​ပြီး ​ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အထူးရရှိထားတဲ့သူလည်း ဖြစ်ပါတယ်​။

သင်​ဇာဟာ ​ခေတ်​ဆန်​ဆန်​နဲ့ အမြဲ တက်​ကြွ​နေတက်​ပြီး ဘာသာတရားကိုလည်း လိုက်​စားတဲ့သူလည်းဖြစ်​ပါတယ်​။ ဘာသာ​ရေးလည်းမြဲသလို အလှုအတန်းအ​ပေးအကမ်းမှာလည်း လက်​မတွန့်​သူဖြစ်​တာမို့အနုပညာရှင်​အချင်းချင်းကပါ ချီးကျူးရသူပါ။

အခုတစ်​ခါမှာလည်း ​သင်ဇာဝင့်ကျော်က“ရှမ်းချယ်ရီ ပညာရေး ပရဟိတ ဂေဟာ” လေးကိုသွားရောက်ပြီး အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ ရှမ်းချယ်ရီ ပညာရေး ပရဟိတဂေဟာလေးဟာ ကလေးငယ်တွေရဲ့ ပညာရေးကို အဓိကထား ထောက်ပံ့ပေးနေတဲ့ ဂေဟာတစ်ခုလည်းဖြစ်ပါတယ်။

သင်ဇာကတော့ “ရှမ်းချယ်ရီ ပညာရေး ပရဟိတ ဂေဟာ”က ကလေးတွေအတွက် ပညာဒါနအလှူငွေတွေကို သွားရောက်လှူဒါန်းပေးအပ်ခဲ့၊ပါတယ်။သင်ဇာက အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့အတွက်”ရှမ်းချယ်ရီ ပညာရေး ပရဟိတ ဂေဟာ”ကပေးအပ်ခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာယူနေတဲ့ ပုံလေးတွေကို သူ့ရဲ့ My Day ကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
ပရိတ်​သတ်​​တွေအတွက်​သင်​ဇာရဲ့ ပုံ​လေး​တွေကို​ဖော်​ပြလိုက်​ပါတယ်​။

Source Thin Zar Wint Kyaw

Leave a Reply

Your email address will not be published. Required fields are marked *