Cele News

မ​မျှော်​လင့်ထားတဲ့ ​မွေး​နေ့စပရိုက်​​လေးတစ်​ခု​ကြောင့်​ ​ပျော်​ခဲ့ရတဲ့ ခရစ္စတီးနားခီ

ရုပ်​ရှင်​ချစ်​ပရိတ်​သတ်​​တွေရဲ့ အား​ပေး​ထောက်​ခံမှုကိုအပြည့်​အဝရရှိထားတဲ့ ခီ​မောင်​နှံ တို့ဟာ အရည်​အ​သွေးပြည့်​မှီတဲ့ ရုပ်​ရှင်​ဇာတ်​ကား​ကောင်းများနဲ့ မြန်​မာ့အနုပညာ​လောကကို တစ်​ဆင့်​မြင့်​​စေသူ​တွေဘဲဖြစ်​ကြပါတယ်​။ ဝါသနာတူ အကျင့်​တူ ဇနီး​မောင်​နှံ နှစ်​​ယောက်​ဟာ တူညီတဲ့ ရည်​မှန်းချက်​တစ်​ခုတည်းကို ဦးတည်​​လျှောက်​လှမ်း​နေတာ ဖြစ်​ပြီ ပရိတ်​သတ်​အားကျရတဲ့ စုံတွဲ​လေးဘဲဖြစ်​ပါတယ်​။

ဒီနေ့ အောက်တိုဘာလ (၁၈)ရက်နေ့က​တော့ ဒါရိုက်​တာခရစ္စတီးနားခီရဲ့ မွေးနေ့ရက်မြတ်လေးဘဲဖြစ်ပါတယ်။ဒါရိုက်တာ ခရစ္စတီနားခီရဲ့ မွေးနေ့လေးအတွက်ကို “ထာဝရနှောင်ကြိုး”ရုပ်ရှင်အဖွဲ့သားတွေက မွေးနေ့ Surprise ပွဲလေးစီစဉ်ပေးခဲ့ကြတာကြောင့် ခရစ္စတီးနားခီက သူ့ရဲ့လူမှုကွန်ရက်က​နေ ကြည်​နူးပီတီဖြစ်​မိ​ကြောင်း​ရေးသားထါးခဲ့ပါ​သေးတယ်​။

ဒီလို မွေးနေ့ Surprise လေးလုပ်ပေးကြတဲ့အကြောင်းကို ခရစ္စတီးနားခီက”ည (၁၂) နာရီကျော် သမ္မတမှာ ရုပ်ရှင်လာစစ်တုန်း surprise လုပ်ခံရ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ရုပ်ရှင် poster အပြင် ခရစ္စရဲ့ပုံနဲ့ Happy Birthday wish လုပ်ပေးတဲ့ သမ္မတ ရုပ်ရှင်ရုံကိုလည်းကျေးဇူးတင်ပါတယ်”ဆိုပြီး ည(၁၂)နာရီမှာ မွေးနေ့ Surprise ပွဲလေးအပြင် သူ့ရဲ့ ဓာတ်ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားထားပါသေးတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီ ပုံဖော်ရိုက်ကူးပြီး မင်းသားချော ဇဏ်ခီနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောက်တိုဘာလ (၃၁)ရက်နေ့မှာရုံတင်ပြတော့မှာလည်း ဖြစ်ပါတယ်။ခီ​မောင်​နှံရဲ့အနုပညာ ကို ယုံကြည်​အား​ပေးတဲ့သူ​တွေ ရုံတင်​ရင်​ကြည့်​ဖို့မ​မေ့နဲ့ဦး​နော်​။

Source Christina Kyi

Leave a Reply

Your email address will not be published. Required fields are marked *