Cele News

၃ နှစ်​ပြည့်​မင်္ဂလာနှစ်​ပတ်​လည်​မှာ အမှတ်​တရပုံ​လေး​တွေ တင်​လာခဲ့တဲ့ မိုးယုစံ

မင်းသမီး​ချော​လေး မိုးယုစံဟာ မိသားစုနဲ့ အ​ခြေတကျရှိ​နေပြီး အနုပညာ အလုပ်​​တွေကိုလည်း လုပ်​ကိုင်​လျက်​ရှိပြီး ပရိတ်​သတ့​တွေရဲ့ အား​ပေးမှုကိုအပြည့်​အဝရရှိ​နေတုန်​ယပါဘဲ မကြာ​သေးခင်​ကမှ နှင်းဆီအငြိမ့်​မှာလည်း ပါဝင်​ကပြတင်​ဆက်​ခဲ့ပါ​သေးတယ်​။မင်းသမီး​ချော​လေးမိုးယုစံကသူရဲ့ ခင်ပွန်းဖြစ်သူကိုစွမ်းသူမိုးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့မှာဆိုရင် မင်္ဂလာသက်တမ်း၃နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

အခုလို မင်္ဂလာသက်တမ်း၃နှစ်ပြည့်မြောက်တဲ့နေ့လေးမှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ဇနီးမောင်နှံနှစ်ဦး မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့စဉ်ကပုံလေးတွေနဲ့အတူ “[၃]နှစ်ပြည့် သားရေရတု မင်္ဂလာနှစ်ပတ်လည်”ဆိုပြီး ဖော်ပြထားတာပါ။

အများကအားကျရ​လောက်​တဲ့ မိသားစု​လေးကိုပိုင်​ဆိုင်​ထားတဲ့ မိုးယုစံက​တော့ ကံ​ကောင့းတဲ့ သူ​လေးပါဘဲ။ ပရိတ်​သတ်​​တွေအတွက်​ မိုးယုစံရဲ့ မင်္ဂ​ဆောင်​တုန်းက အမှတ်​တရပုံ​လေး​တွေကို ပြန်​လည်​​ဖော်​ပြလိုက်​ပါတယ်​။

Source Moe yu san

Leave a Reply

Your email address will not be published. Required fields are marked *