Cele News

အလွှာစုံက ပရိတ်​သတ်​​တွေကြည့်​နိုင်​​အောင်​စီစဉ်​​ပေးထားတဲ့ပိုပိုရဲ့ One Lady Show

ကိုယ်​ပိုင်​သံစဉ်​​တွေနဲ့သီချင်း​ကောင်း​တွေကို ဖန်​တီးသီဆိုနိုင်​တဲ့ အဆို​တော်​​လေးပိုပိုက​တော့ ပရိတ်​သတ်​​တွေအား​ပေးရတဲ့ သူ​လေးပါ။ ထူးခြား​ပြောက်​​မြောက်​တဲ့ သံစဉ်​​တွေနဲ့ ခံစားချက်​ကို သီကုံး​လေ့ရှိသူမို့ ပရိတ်​သတ်​​တွေက တစ်​ခဲနက်​အား​ပေး​နေရတာပါ။

ပိုပို ပြီးခဲ့တဲ့ သီတင်းကျွတ်​မှာလည်း ​ဖျော်​​ဖြေပွဲများနဲ့ မအားမလပ်​ရှိခဲ့ပြီး အနုပညာ အလုပ်​​တွေကို ဆက်​တိုက်​လုပ်​ကိုင်​​နေတာဘဲဖြစ်​ပါတယ်​။

ဒီ​နေ့မှာ​တော့ ပိုပိုက မကြာခင်​အတွင်းမှာပြုလုပ်​ကျင်းပသွားဖို့စီစဉ်​​နေတဲ့ သူအရဲ့ တစ်​ကိုယ်​​တော်​ ​ဖျော်​​ဖြေပွဲနဲ့ ပတ်​သတ်​ပြီး ပရိတ်​သတ်​​တွေကိုအသိ​ပေးလာပါတယ်​” ၂၄ ရက်​ လာမယ့်​ ဒီဇင်​ဘာလ Golden Hotelမှာဖြစ်​သွားတယ်​ ​မြက်​ခင်းလည်းကျယ်​အရမ်းကြီးတယ်​ ကိုစိုင်းလည်းတစ်​ခါလုပ်​ဖူးတယ်​ ပရိတ်​သတ်​​တွေ လွတ်​လွတ်​လပ်​လပ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ chillလို့ရ​အောင်​ game​အစီအစဉ်​​တွေလည်းပါမယ်​ လက်​မှတ်​ကို VVIPက ၅​သောင်း VIP က ၃​သောင်း ရိုးရိုးဒီတိုင်း standက ၁​သောင်း​ဈေးကြီး​အောင်​မလုပ်​ထားဘူး ပိုပိုပရိတ်​သတ်​​တွေက အလွှာမျိုးစုံရှိတယ်​ ပွဲတစ်​ခုလာရင်​ သူတို့မှာ အဝတ်​အစားနဲ့ သွားရလာရနဲ့၂​သောင်း ၃​သောင်း​ကရှိမှရမှာဆို​တော့ အာစလုံးလာကြည့်​လို့ရ​အောင်​စီစဉ်​ထားတာပါ” ဟု​ပြောသွားပါတယ်။

မန္တ​လေးကပရိတ်​သတ်​​တွေလည်း ပိုပို ရဲ့ တစ်​ကိုယ်​​တော်​ ​ဖျော်​​ဖြေပွဲ​လေးကို အား​ပေးဖို့အဆင်​သင့်​ပြင်​ထားလိုက်​​တော့​နော်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *