
ပိုပိုဆိုတာနဲ့ ဂီတမှာ ပါရမီထူးပြီး ကိုယ်ပိုင်သံစဉ်တွေကိုအတွေးကောင်းကောင်းနဲ့ ရေးဖွဲ့ သီကုံးနိုင်သူဆိုတာသိကြမှာပါ။

တစ်ကိုယ်တော်အခွေများစွာ ထွက်ထားပြီး သူမရဲ့ ” ချစ်ဖူးခဲ့သမျှ”အခွေလေးဟာလည်း ယနေ့တိုင်ပရိတ်သတ်တွေရဲ့ ကြားမှာ လွင့်ပျံ့ဆဲပါ။

ပိုပိုကမကြာခင်ကျရောက်တော့မယ့် ဒီဇင်ဘာလ မှာ တစ်ကိုယ်တော် showပွဲလုပ်တော့မှာဖြစ်ပြီး ပရိတ်သတ်တွေအတွက် အကောင်းဆုံးပြင်ဆင်ပေးထားတယ်ဟုသိရပါတယ်။ လက်မှတ်ဈေးတွေပါ ပရိတ်သတ်အဆင်ပြေအောင် ချိန်ညှိပေးထားပြီး ပိုပိုက သူမရဲ့ ငယ်ဘဝက စိတ်မကောင်းစရာ အမှတ်တရကိုလည့်းပြောလာပါသေးတယ်” ငယ်ငယ်က showပွဲမကြည့်နိုင်ဘူး ပိုက်ဆံမရှိလို့ ICပွဲကို သူငယ်ချင်းခေါ်လို့ကြည့်ခဲ့ဖူးတယ် နောက် တစ်ပွဲ ကျတော့ ခနဘဲ ငယ်ငယ်က တစ်လကိုမှ မုန့်ဖိုး၅သောင်းဘဲ ရတာ ရတာတွေကလည်းသီချင်ူလုပ်လို့ကန်ကုန်တာနဲ့ မကြည့်နိုင်ခဲ့ဘူး” ဟုဆိုလာပါတယ်။

ပိုပိုတစ်ယောက်က လက်ရှိ showပွဲ ကြည့်နိုင်တု့ အချိန် ကျတော့လည်း အချိန်မပေးနိုင်တဲ့ သွားမကြည့်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

သူမကြိုက်တဲ့ ပြည်ပကအဆိုတော်များစွာရှိပြီး showပွဲတွေ ကြည့်နိုင်ဖို့ ရည်ရွယ်ချက်ထားထားတယ်ဟုလည်းသိရပါတယ်။

Source MC