
MYANMAR IDOL မှ တစ်ဆင့် ပရိတ်သတ်တွေ ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ချမ်းမြေ့မောင်ချိုက လက်ရှိ မှာ အနုပညာ အလုပ်တွေ ကိုကြိုးစားလုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ပရိတ်သတ်တွေ အတွက်ကြိုးစားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့မှာပင် အသက်၂၀ပြည့်သွားခဲ့ပြီး ငယ်ရွယ်ပြီး တက်ကြွတဲ့သူမဟာ အနုပညာ အလုပ်တွေပို မာန်ပါပါ လုပ်ဆောင်လျက်ရှိနေပါတယ်။
မောင်ချိုလေးဟာ သူမရဲ့ တစ်ကိုယ်တော်အခွေလေး ထုတ်ဖို့စီစဉ်နေပြီဟုသိရပါတယ်။
ယင်းအခွေလေးကို “Eleven” ဟုအမည်ပေးထားပြီး သူမရဲ့ voting no.ကို အစွဲုပြုကာပေးထားပေးထားးခြင်းဖြစ်ပါတယ်။ ထို့အပြင် ယင်းခွေလေးကို ၁၁လပိုင်းမှာ စတင်ထုတ်ပြသွားမှာဖြစ်ပြီး သီချင်းကလည်း ၁၁ ပုဒ် ပါဝင်ထားပါတယ်။

ဒီနေ့မှာတော့ မောင်ချိုလေးက ချစ်စဖွယ် ဂါဝန်လေးနဲ့ ပုံလေးတွေ တင်ထားပြီး ဝိတ်ချတော့မယ်ဟုပြောထားပါတယ်။

ပြည့်ပြည့်လေးနဲ့ လည်း မောင်ချိုတစ်ယောက်ကကြည့်ကောင်းနေပေမယ့် အခုတစ်ခါမှာ အပြောင်းအလဲလေးဖြစ်အောင် ဝိတ်ချမယ်လို့ တွေးဟန်တူပါတယ်။

Source Chan Myae Maung cho