Cele News

နောက်​ကွယ်​က အတင်း​ပြောတာ​တွေကို ဂရုစိုက်​မှာ မဟုတ်​ဘူးဆိုတဲ့ ​ရွှေအိမ်​စည်

ပရိတ်​သတ်​​တွေအား​ပေးမှု၇ိုအပြည့်​အဝရရှိထားတဲ့ မင်းသမီး​ချော​လေး ​ရွှေအိမ်​စည်​ က​တော့ လက်​ရှိမှာ အနုပညာ အလုပ်​​တွေကို အဆက်​မပြတ်​လုပ်​ကိုင်​​နေတာဘဲဖြစ်​ပါတယ်​။ သွယ်​လျ​ကျော့ရှင်းတဲ့ ခန္ဓာကိုယ်​ နဲ့ စတိုင်​ကျကျ ​နေတတ်​တဲ့ ​ရွှေအိမ်​စည်​ဟာ ​မော်​ဒယ်​ ပိုင်းမှာ ​အောင်​မြင်​ ​နေရုံသာမက ရုပ်​ရှင်​ ဇာတ်​ကား​တွေမှာပါ ကြိုးစားသရုပ်​​ဆောင်​​နေတာ​တွေ့ရပါတယ်​။ အိမ်​စည်​ဟာငယ်​ငယ်​၇ွယ်​၇ွယ်​နဲ့ ​အောင်​မြင်​​နေသူပီပီ လူအများရဲ့မလိုမုန်းထားမှုကိုလည်း ခံရလျက်​ရှိပါတယ်​။

အခုတစ်​ခါမှာ​တော့ အိမ်​စည်​က သူမကို တိုက်​ခိုက်​​နေတဲ့ လူ​တွေ အ​ပေါ် စိတ်​ထားကို​ပြောပြလာပါတယ်​” ​နောက်​ကွယ်​မှာ​ပြောတာ ​ပြောပါ​စေ ​ရှေ့တင်​ကြီး လာ​ပြော​နေတာမှ မဟုတ်​တာ လာ​ပြောလို့လည်း မရဘူး​လေ ကိုယ့်​ကို​တွေ့ရင်​​တော့ပြုံး​နေရတာဘဲ ဘယ်​သူမှလည်း ​ကိုယ့်​​ရှေ့မှာ​ပေါ်တင်​ကြီးလာ​ပြော​နေတာမ​တွေ့ဖူး​သေးဘူး” ဟုဆိုလာပါတယ်​။

အိမ်​စည်​က အမြဲ ဖျတ်​လတ်​တက်​ကြွကာ ဗွင်းဗွင်းရှင်းရှင်း​ပြောတတ်​သူမို့ ​ဝေဖန်​ခံ​နေရတာဘဲဖြစ်​ပါတယ်​။ ဘယ်​သူ​တွေ ဘယ်​လို တိုက်​ခိုက်​ အိမ်​စည်​က အိမ်​စည်​ပါဘဲ​နော်​။

Source Cele yatkwat

Leave a Reply

Your email address will not be published. Required fields are marked *