ကော့သောင်းမြို့ကိုအလည်ရောက်နေတဲ့ ခင်လေးနွယ် – Myanmar Hot News
31st May 2023

ကော့သောင်းမြို့ကိုအလည်ရောက်နေတဲ့ ခင်လေးနွယ်

သဘာဝရှုခင်းတွေကို အပြည့်အ၀ခံစားလို့ရမယ့် ကော့သောင်းမြို့လေးကို အလည်အပတ်ခရီးလဲဖြစ် အပန်းဖြေ ခရီးလဲအဖြစ်ရောက်ရှိနေသူကတော့ အနုပညာလျောက်လှမ်းပေါ်မှာ ကျရာဇာတ်ရုပ်တွင် အကောင်းဆုံး ကြိုးစား တင်ဆက်ပြသနိုင်သူလေးဖြစ်တဲ့ ခင်လေးနွယ်ပဲဖြစ်ပါတယ်။

သူမရောက်ရှိနေတဲ့ မြို့လေးမှာရှိတဲ့ 1199 တောင်ပေါ်သို့တက်ရောက်ခဲ့ပြီး သဘာဝအလှတရားတွေကို စိတ်ကြိုက်ခံစားကာ အားကစားဝါသနာပါသူလဲဖြစ် တောင်တက်ဝါသနာပါသူလဲဖြစ်တဲ့ ခင်လေးနွယ်ကတော့ ပျော်မဆုံး ကျေနပ်နေပါတယ်။တောင်ပေါ်ရောက်ရှိနေတာကြောင့် လေတိုက် ကြမ်းတမ်းမှုကိုလဲ ကြုံတွေ့ခဲ့ရပါတယ်။

တောင်ပေါ်ကနေ တွေ့မြင်ရတဲ့ ရှုခင်တွေရဲ့အလှကတော့ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရပါတယ်။
” တိမ်ပင်လယ်တွေနဲ့ လှမှလှ
လေတိုက်ချက်ကတော့ လူတောင်မလွင့် သွားတာကံကောင်း
လှလိုက်တဲ့ရှုခင်းတွေကိုကြည့်ပြီး ကျေနပ်ခဲ့ရတယ် ” လို့ သူမရဲ့ Social Media မှာတောင်ပေါ်ကနေတွေ့မြင်ရတဲ့ သဘာဝအလှတရားများနဲ့အတူတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။

Source; Khin Lay Nwe

Leave a Reply

Your email address will not be published. Required fields are marked *