
ဖိလစ်ပိုင် နိုင်ငံရဲ့ King of Catwalk လို့တောင်အမည်တွင်ခေါ်ဝေါ်လို့ရတဲ့ Sinon ကတော့ ကမ္ဘာ့တခွင် ခရီးသွားသူတစ်ဦးအနေနဲ့ လှည့်လည်သွားရောက် လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။

အခုအခါ မြန်မာနိုင်ငံသို့ရောက်ရှိနေတာဖြစ်ပြီး ချို့တဲ့နည်းပါးသော လူများဆီသို့ တက်နိုင်သမျှသောနည်းလမ်းလေးတွေနဲ့ ကူညီမှုပေးနေတာကြောင့် သူရဲ့ ပရိသတ်တွေပါမက တခြားလူတွေကပါ ချစ်ခင်သဘောကျလာကြပြီး သူရဲ့ လေးစားစရာကောင်းတဲ့ သနားစိတ် ဂရုနာစိတ် မေတ္တာထားတက်ပုံလေးတွေကတော့အတုယူဖွယ်ကောင်းလှပါတယ်။


မြန်မာနိုင်ငံအတွင်းသို့အလည်ရောက်နေတာကြာပြီဖြစ်တဲ့ Sinon တစ်ယောက် သူရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက်ကမ်းလှမ်းခံရပြီ ရုပ်ရှင်ဝါရင့်သရုပ်ဆောင်များစွာနဲ့ အတူတူ ဒါရိုက်တာကိုပေါက်ကရိုက်ကူးပုံဖော်မှာဖြစ်ကာ ထိုရုပ်ရှင်ပွဲကြီးရဲ့ ကန်တော့ပွဲကိုတော့ ယနေ့ ၁၉ရက်နေ့တွင် ရွှေတိဂုံ ဘုရားတွင်ပြုလုပ်ခဲ့ပါတယ်။

Source; Sinon Loresca