ကလေးတွေမပါဘဲ ခရီးထွက်ခဲ့ရတဲ့အတွက် ၀မ်းနည်းခဲ့သော်လည်း လင်းလင်းရဲ့ စီစဉ်ပေးခဲ့တဲ့ခရီးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ချစ်သုဝေ – Myanmar Hot News
1st June 2023

ကလေးတွေမပါဘဲ ခရီးထွက်ခဲ့ရတဲ့အတွက် ၀မ်းနည်းခဲ့သော်လည်း လင်းလင်းရဲ့ စီစဉ်ပေးခဲ့တဲ့ခရီးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ချစ်သုဝေ

အနုပညာ သရုပ်ဆောင် အဆိုတော် ဆရာဝန်မလေး ချစ်သုဝေကတော့ အ၇မ်းအချစ်ခံရတဲ့ ဇနီးသည်လေးဖြစ်ပြီး အဆိုတော်လင်းလင်းနဲ့ရွှေလက်တွဲကာ ပျော်ရွှင်တဲ့မိသားစုလေးကို နှစ်ဦးအတူတူ ဖြတ်သန်းနေကြတဲ့ အနုပညာရှင်လေးတွေဖြစ်ပါတယ်။

သူမ ကတော့ သမီးလေးတွေနဲ့အတူတူ ဘ၀ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးစေခဲ့ပြီး အပျော်ခရီးဆိုရင်လဲ ကလေးတွေမပါဘဲ မသွားဖြစ်ဘူး အလုပ်နဲ့သွားတာဆိုရင်လဲ ကလေးတွေမပါတော့ အပြစ်ရှိသလိုခံစားရတယ် လို့ ကလေးတွေအပေါ်ထားရှိ မိခင်မေတ္တာကိုတိုက်ရိုက်ခံစားမိအောင်ပြောပြထားပါတယ်။

အခုသူမ သွားရောက်ခဲ့တဲ့ခရီးလေးကတော့ လင်းလင်းစီစဉ်ပေးတာဖြစ်ပြီး မိသားစုအရေးနဲ့ အလုပ်ကိစ္စတွေနဲ့ပါရှုပ်ထွေးနေတဲ့ မိန်းမကို သဘာဝအလှတရားတွေကိုအပြည့်အ၀ခံစားမိပြီး ပျော်ရွှင်စေချင်တဲ့အတွက်ကြောင့် နှစ်ဦးသားခရီးထွက်ခဲ့တာဖြစ်ပြီး လမ်းခရီးတလျောက်လုံး အပျော်ဆုံးဖြစ်အောင်ထားရှိခဲ့တာကြောင့် အတိုင်းမသိဝမ်းသာကြည်နူးနေတဲ့သူလေးကတော့ ချစ်သူဝေလေးပဲဖြစ်ပါတယ်။

Photo Source ; Chit Thu Wai

Leave a Reply

Your email address will not be published. Required fields are marked *